ဂဒ်မူကား စစ်သူရဲတို့သည် သူ့ကိုဖိနှိပ်တိုက်ခိုက်လာသော်လည်း သူသည် သူတို့၏ဖနောင့်ကို ပြန်၍ဖိနှိပ်တိုက်ခိုက်လိမ့်မည်။
၁ ရာချုပ် 5:22 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်အခွင့်နှင့်စစ်တိုက်သောကြောင့် ရန်သူအများအပြားကျဆုံးကြ၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ဖမ်းခေါ်သွားခြင်းမခံရမီအချိန်ထိ ထိုသူတို့ပြည်တွင် နေထိုင်ကြ၏။ Common Language Bible ဤစစ်ပွဲသည်ဘုရားသခင်၏အလိုတော် အရဖြစ်သဖြင့် ရန်သူအများအပြား သေကြကုန်၏။ ထိုနောက်ဣသရေလ အမျိုးသားတို့သည်ပြည်နှင်ဒဏ်ခံရ ချိန်မတိုင်မီ ထိုပြည်တွင်ဆက်လက်နေ ထိုင်ကြ၏။ Garrad Bible ဘု ရား သ ခင့် အ လို တော် နှင့် စစ် တိုက် သော ကြောင့် ရန် သူ အ များ ကျ ဆုံး သည် နှင့် ကိုယ့် လူ မျိုး သိမ်း သွား ခံ ရ သည့် ကာ လ တိုင် အောင် ၎င်း တို့ ပြည် ၌ နေ ရာ ကျ ကြ ၏။ Judson Bible ဘုရားသခင့်အခွင့်နှင့် စစ်တိုက်သောကြောင့်၊ ရန်သူအများတို့သည်လဲသေကြ၏။ ဣသရေလလူတို့သည် သိမ်းသွားခြင်းအမှု မရောက်မီတိုင်အောင်၊ ဟာဂရလူတို့နေရာ၌ နေရာကျကြ၏။ |
ဂဒ်မူကား စစ်သူရဲတို့သည် သူ့ကိုဖိနှိပ်တိုက်ခိုက်လာသော်လည်း သူသည် သူတို့၏ဖနောင့်ကို ပြန်၍ဖိနှိပ်တိုက်ခိုက်လိမ့်မည်။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
ဟောရှေမင်းကြီးနန်းစံကိုးနှစ်အကြာတွင် အဆီးရီးယားဘုရင်သည် ရှမာရိမြို့ကိုသိမ်းပိုက်ပြီး အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ဖမ်းခေါ်သွားကာ ဟာလာအရပ်၊ ဂေါဇန်နယ်ရှိဟာဗော်မြစ်နားနှင့်မေဒိမြို့ တို့၌နေထိုင်စေ၏။
ထိုအမည်နှင့်ရေးမှတ်ထားသောသူတို့သည် ယုဒဘုရင် ဟေဇကိမင်းကြီးလက်ထက်တွင် ထိုနေရာသို့လာ၍ ဟာမအမျိုးတို့နေရာတဲများနှင့် ထိုအရပ်တွင်နေထိုင်ကြသောမဟုနိမ်လူမျိုးတို့ကို တိုက်ခိုက်ဖျက်ဆီးသဖြင့် လုံးလုံးပျက်စီးသွားခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်၏။ ထိုနေရာတွင် သူတို့၏သိုးများအတွက် စားကျက်မြေရှိသောကြောင့် ထိုနေရာတွင် နေထိုင်ကြ၏။
ထို့ကြောင့် ထိုသူတို့၏ကုလားအုတ် အကောင်ငါးသောင်း၊ သိုးအကောင်နှစ်သိန်းငါးသောင်း၊ မြည်းအကောင်နှစ်ထောင် စသည့်တိရစ္ဆာန်များနှင့် လူအယောက်တစ်သိန်းကို အရှင်ဖမ်းဆီးခေါ်ဆောင်သွားလေ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်သည် အဆီးရီးယားဘုရင်ပုလမင်းကြီးတည်းဟူသော အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီး၏စိတ်ကို နှိုးဆော်၍ သူသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ၏အမျိုးတစ်ဝက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွား၏။ သူတို့သည် ဟာလာအရပ်၊ ဟာဗော်အရပ်၊ ဟာရအရပ်၊ ဂေါဇန်အရပ်ရှိမြစ်နားတစ်လျှောက်တို့တွင် ယနေ့တိုင်အောင် နေထိုင်ကြ၏။
သူသည် ဖိလိတ္တိလူမျိုး၊ ဂုရဗာလအရပ်တွင်နေထိုင်သောအာရပ်လူမျိုးများနှင့် မဟုနိမ်လူမျိုးတို့ကို တိုက်ခိုက်သောအခါ ဘုရားသခင်သည် သူ့ကို ကူညီမစတော်မူ၏။
သူတို့ဘက်၌ လူအင်အားရှိ၏။ ငါတို့ဘက်တွင်မူ စစ်ပွဲ၌ငါတို့ကိုကူညီတိုက်ခိုက်ပေးမည့် ငါတို့၏ဘုရားသခင်ထာဝရဘုရား ရှိ၏”ဟု အားပေးစကားပြော၏။ ယုဒဘုရင်ဟေဇကိမင်းကြီး၏စကားကြောင့် လူတို့ အားမာန်ပြည့်လာကြ၏။
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
သင်တို့ကို ကတိပြုတော်မူခဲ့သည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အဖို့စစ်တိုက်တော်မူသည်ဖြစ်၍ သင်တို့တွင်တစ်ယောက်သည် အယောက်တစ်ထောင်ကိုလိုက်လိမ့်မည်။