၁ ရာချုပ် 4:8 - မြန်မာ့စံမီသမ္မာကျမ်း ကောဇသည် သားအာနုပ်နှင့်ဇောဗေဒ တို့ကိုရ၏။ ထိုမှ ဟာရုံ၏သား အဟာရေလမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ Common Language Bible ကောဇသည်အာနုပ်နှင့်ဇောဗေဒတို့၏ဖခင် ဖြစ်၍ ဟာရုံ၏သားအဟာရေလမှဆင်း သက်လာသောသားချင်းစုတို့၏ဘိုးဘေး ဖြစ်သတည်း။ Garrad Bible ကော ဇ သား များ ကား အာ နုပ်၊ ဇော ဗေ ဗ၊ ဟာ ရုံ့ သား အ ဟာ ရေ လ၏ အ ဆက် အ နွယ် တို့ တည်း။ Judson Bible ကောဇသားကား အာနုပ်နှင့်ဇောဗေဒ အစရှိသော ဟာရုံသား အဟာရေလအဆွေအမျိုးတည်း။ |
ယာဗက်သည် အခြားညီအစ်ကိုတို့ထက် ထူးခြားသူဖြစ်၏။ သူ၏မိခင်သည် သူ့ကို ဖွားစဉ်အခါက “ဝေဒနာပြင်းစွာခံပြီး သူ့ကိုမွေးဖွားရသည်”ဟုဆို၍ သူ့ကို ယာဗက်ဟု အမည်မှည့်ခေါ်၏။
ယဇ်ပုရောဟိတ်သားမြေးတို့တွင် ဟဗာယသားမြေး၊ ဟက္ကုတ်သားမြေးနှင့် ဂိလဒ်ပြည်သား ဗာဇိလဲသမီးကိုစုံဖက်၍ ထိုနာမည်ကိုဆက်ခံသူ ဗာဇိလဲသားမြေးတို့လည်း လိုက်ပါလာကြ၏။
သူ၏ဘေးတွင် ဟက္ကုတ်၏မြေး၊ ဥရိယ၏သားမေရမုတ်သည် ဧလျာရှိပ်၏အိမ်တံခါးဝမှ ဧလျာရှိပ်၏အိမ်အစွန်းပိုင်းအထိ ပြုပြင်၏။