၁ ရာချုပ် 4:8 - Common Language Bible8 ကောဇသည်အာနုပ်နှင့်ဇောဗေဒတို့၏ဖခင် ဖြစ်၍ ဟာရုံ၏သားအဟာရေလမှဆင်း သက်လာသောသားချင်းစုတို့၏ဘိုးဘေး ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။Garrad Bible8 ကော ဇ သား များ ကား အာ နုပ်၊ ဇော ဗေ ဗ၊ ဟာ ရုံ့ သား အ ဟာ ရေ လ၏ အ ဆက် အ နွယ် တို့ တည်း။ အခန်းကိုကြည့်ပါ။Judson Bible8 ကောဇသားကား အာနုပ်နှင့်ဇောဗေဒ အစရှိသော ဟာရုံသား အဟာရေလအဆွေအမျိုးတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ကောဇသည် သားအာနုပ်နှင့်ဇောဗေဒ တို့ကိုရ၏။ ထိုမှ ဟာရုံ၏သား အဟာရေလမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ အခန်းကိုကြည့်ပါ။ |
အောက်ပါယဇ်ပုရောဟိတ်သားချင်းစုများသည် မိမိတို့ဘိုးဘေးများကားမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားပြရန်မှတ်တမ်းတစ်စုံတစ်ရာရှာ၍မတွေ့နိုင်ကြ။ ဟဗာယသားချင်းစု၊ ဟက္ကုတ်သားချင်းစုနှင့်ဗာဇိလဲသားချင်းစု။ (ဗာဇိလဲယဇ်ပုရောဟိတ်သားချင်းစု၏ ဘိုးဘေးဖြစ်သူသည်ဂိလဒ်ပြည်သားဗာဇိလဲသားချင်းစုမှ အမျိုးသမီးတစ်ဦးနှင့်စုံဖက်ပြီးနောက် မိမိယောက္ခမ၏နာမည်ကိုခံယူခဲ့၏။) ထိုသူတို့သည်မိမိတို့ဘိုးဘေးများမှာမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားမပြနိုင်ကြသဖြင့် ယဇ်ပုရောဟိတ်များအဖြစ်အသိအမှတ်ပြုခြင်းကိုမခံကြရ။-