၁ ရာချုပ် 4:42 - မြန်မာ့စံမီသမ္မာကျမ်း ဣရှိ၏သားများဖြစ်သော ပေလတိ၊ နာရိ၊ ရေဖာယ၊ ဩဇေလတို့သည် ရှိမောင်အမျိုးသားအယောက်ငါးရာကို ဦးဆောင်ပြီး စိရတောင်ပေါ်သို့ တက်သွားကြကာ Common Language Bible ရှိမောင်အနွယ်ဝင်လူငါးရာတို့သည် အရှေ့ဘက်၊ ဧဒုံပြည်သို့သွားကြ၏။ သူ တို့အားဦးဆောင်သွားကြသူများမှာ ပေလတိ၊ နာရိ၊ ရေဖာယနှင့်သြဇေလ တို့ဖြစ်၏။ သူတို့ကားဣရှိ၏သားများ ဖြစ်သတည်း။- Garrad Bible တစ် ဖန် ရှိ မောင့် အ နွယ် သား သူ ရဲ ငါး ရာ တို့ သည် ဗိုလ် မှူး ဖြစ် သော ဣ ရှိ သား၊ ပေ လ တိ၊ နာ ရိ၊ ရေ ဖာ ယ၊ သြ ဇေ လ တို့ ပါ Judson Bible တစ်ဖန် ရှိမောင်အမျိုးသား ယောက်ျားငါးရာတို့သည် ဣရှိသား၊ ဗိုလ်ပေလတိ၊ နာရိ၊ ရေဖာယ၊ ဩဇေလနှင့်တကွ၊ စိရတောင်သို့ ချီသွား၍၊ |
ဟာနနိယ၏သားများမှာ ပေလတိ၊ ယေရှာယ တို့ဖြစ်ကြ၏။ ယေရှာယ၏သားမှာ ရေဖာယ၊ ရေဖာယ၏သားမှာ အာနန်၊ အာနန်၏သားမှာ ဩဗဒိ၊ ဩဗဒိ၏သားမှာ ရှေခနိ တို့ဖြစ်ကြ၏။
ထိုအခါ ထာဝရဘုရားက မောရှေအား “အာမလက်လူမျိုးတို့ကို ကောင်းကင်အောက်တွင် အမှတ်ရစရာမျှမကျန်အောင် ငါဖျောက်ဖျက်ပစ်မည်ဖြစ်၍ ဤအမှုကို အောက်မေ့ဖွယ်အဖြစ် ကျမ်းစာလိပ်၌ ရေးမှတ်ထားပြီး ယောရှုရှေ့၌ ဖတ်ပြလော့”ဟု မိန့်တော်မူ၏။
(ဟောရပ်တောင်မှ ကာဒေရှဗာနာအရပ်အထိ စိရတောင်လမ်းဖြင့်သွားလျှင် တစ်ဆယ့်တစ်ရက်ကြာ၏။)