၁ ရာချုပ် 4:41 - မြန်မာ့စံမီသမ္မာကျမ်း ထိုအမည်နှင့်ရေးမှတ်ထားသောသူတို့သည် ယုဒဘုရင် ဟေဇကိမင်းကြီးလက်ထက်တွင် ထိုနေရာသို့လာ၍ ဟာမအမျိုးတို့နေရာတဲများနှင့် ထိုအရပ်တွင်နေထိုင်ကြသောမဟုနိမ်လူမျိုးတို့ကို တိုက်ခိုက်ဖျက်ဆီးသဖြင့် လုံးလုံးပျက်စီးသွားခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်၏။ ထိုနေရာတွင် သူတို့၏သိုးများအတွက် စားကျက်မြေရှိသောကြောင့် ထိုနေရာတွင် နေထိုင်ကြ၏။ Common Language Bible ယုဒဘုရင်၊ ဟေဇကိမင်းလက်ထက်၌ အထက်ဖော်ပြပါလူတို့သည် ဂေရာမြို့ သို့သွား၍ဟာမအမျိုးသားတို့ကိုသူ တို့၏တဲအိမ်များနှင့်တကွသုတ်သင် ဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်တွင် အတည်တကျအခြေစိုက်၍နေထိုင် ကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိမိတို့၏သိုးများအတွက် စားကျက်အလုံအလောက်ကိုရရှိကြ သောကြောင့်ဖြစ်၏။- Judson Bible အထက်ဆိုခဲ့ပြီးသော သူတို့သည် ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၌ သွား၍၊ သိုးကျက်စားစရာ ကောင်းသောအရပ်ကို တွေ့သောကြောင့်၊ အရပ်သား နေရာရွာတို့ကိုလုပ်ကြံ၍၊ ရှင်းရှင်းဖျက်ဆီးပြီးမှ ယနေ့တိုင်အောင် နေကြ၏။ |
ထိုမြို့တို့၏ဝန်းကျင်ရှိရွာများမှစ၍ ဗာလမြို့နှင့်ဝန်းကျင်ရှိရွာများတိုင်အောင် နေထိုင်ကြ၏။ ဤသည်ကား သူတို့နေထိုင်ရာမြို့ရွာများနှင့် သူတို့၏မျိုးရိုးစဉ်ဆက်မှတ်တမ်းဖြစ်၏။
ဘုရားသခင်အခွင့်နှင့်စစ်တိုက်သောကြောင့် ရန်သူအများအပြားကျဆုံးကြ၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ဖမ်းခေါ်သွားခြင်းမခံရမီအချိန်ထိ ထိုသူတို့ပြည်တွင် နေထိုင်ကြ၏။
တိရစ္ဆာန်ထိန်းကျောင်းသူတို့၏တဲများကိုလည်း တိုက်ခိုက်၍ သိုးနှင့်ကုလားအုတ်မြောက်မြားစွာကိုလည်း သိမ်းယူနိုင်ခဲ့၏။ ထို့နောက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြလေ၏။
ထို့နောက်တွင် မောဘအမျိုးသား၊ အမ္မုန်အမျိုးသားတို့နှင့်အတူ မဟုနိမ်လူမျိုးအချို့တို့သည် ယောရှဖတ်မင်းကြီးကို တိုက်ခိုက်ရန်ချီလာကြ၏။
သူသည် ဖိလိတ္တိလူမျိုး၊ ဂုရဗာလအရပ်တွင်နေထိုင်သောအာရပ်လူမျိုးများနှင့် မဟုနိမ်လူမျိုးတို့ကို တိုက်ခိုက်သောအခါ ဘုရားသခင်သည် သူ့ကို ကူညီမစတော်မူ၏။
ထို့ကြောင့် ဧဒုံပြည်ကိုဆန့်ကျင်၍ ထာဝရဘုရား ကြံစည်ထားသောအကြံအစည်၊ တေမန်ပြည်သားတို့ကိုဆန့်ကျင်၍ ရည်ရွယ်ထားသောရည်ရွယ်ချက်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ် ရန်သူသည် သူတို့၏သိုးငယ်လေးများကို ဆွဲခေါ်သွားကြမည်။ အကယ်စင်စစ် ကိုယ့်ကြောင့် ကိုယ့်စားကျက်မြေ ဖျက်ဆီးခြင်းခံရမည်။
ကိုယ်တော်သည် လူတစ်ဦးတည်းမှ လူမျိုးအားလုံးကို ဖန်ဆင်း၍ ကမ္ဘာမြေပြင်အနှံ့တွင်နေထိုင်စေကာ အချိန်ကာလများနှင့် သူတို့နေထိုင်ရာနယ်နိမိတ်များကို ကြိုတင်ချမှတ်ပေးတော်မူ၏။
ဆီဒုန်လူမျိုး၊ အာမလက်လူမျိုး၊ မောနလူမျိုးတို့သည် သင်တို့ကို ညှဉ်းဆဲ၍ သင်တို့သည် ငါ့ကိုအော်ဟစ်သောအခါ ငါသည် သင်တို့ကို ထိုသူတို့လက်မှလည်း ကယ်တင်ခဲ့၏။