ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့မှ ဂျေရုဆလင်မြို့သို့ ရောက်လာပြီးနောက် ဂျေရုဆလင်မြို့တွင် မိဖုရားများ၊ မောင်းမငယ်များ ထပ်ယူပြီး သားသမီးများလည်း ထပ်မံရရှိလေ၏။
၁ ရာချုပ် 3:9 - မြန်မာ့စံမီသမ္မာကျမ်း ဤသားများအပြင် မောင်းမများနှင့်ရသော ဒါဝိဒ်မင်းကြီး၏သားများလည်း ရှိသေး၏။ သူတို့တွင် တာမာဟူသောနှမတော်တစ်ဦးလည်း ရှိ၏။ Common Language Bible ဤသားများအပြင်မောင်းမတော်များနှင့်ရရှိ သည့်သားများရှိသေးသည်။ သူ့မှာတာမာနာ မည်တွင်သောသမီးတော်တစ်ပါးလည်းရှိ၏။ Garrad Bible ထို သူ အ ပေါင်း တို့ သည် မောင်း မ ကိုယ် လုပ် တော် များ တွင် ရ သော သား တို့ ကို ချန် လှပ်၍ ဒါ ဝိဒ် မင်း သား တော် များ ဖြစ် ကြ ကုန်၏။ နှ မ တာ မာ လည်း ရှိ၏။ Judson Bible ဤရွေ့ကား မယားငယ်တွင် ရသောသားတို့ကိုမဆိုဘဲ ဒါဝိဒ်၏သားများတည်း။ နှမတာမာလည်းရှိ၏။ |
ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့မှ ဂျေရုဆလင်မြို့သို့ ရောက်လာပြီးနောက် ဂျေရုဆလင်မြို့တွင် မိဖုရားများ၊ မောင်းမငယ်များ ထပ်ယူပြီး သားသမီးများလည်း ထပ်မံရရှိလေ၏။
ထာဝရဘုရားသည် ငါ့အား သားအများအပြားကိုပေးတော်မူ၏။ ထိုသားအပေါင်းတို့ထဲမှ သားတော်ရှောလမုန်ကို ရွေးချယ်တော်မူပြီး အစ္စရေးလူမျိုးကို အုပ်ချုပ်ရန်အတွက် ထာဝရဘုရား၏နိုင်ငံတော်ရာဇပလ္လင်ပေါ်တွင် စံမြန်းစေတော်မူ၏။
ရှောလမုန်၏သားမှာ ရောဗောင်၊ ရောဗောင်၏သားမှာ အဘိယ၊ အဘိယ၏သားမှာ အာသ၊ အာသ၏သားမှာ ယောရှဖတ်၊