အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ရာ​ချုပ် 3:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယောသံ​၏​သား​မှာ အာခတ်​၊ အာခတ်​၏​သား​မှာ ဟေဇကိ​၊ ဟေဇကိ​၏​သား​မှာ မနာရှေ​၊

အခန်းကိုကြည့်ပါ။

Garrad Bible

၎င်း သား တော်၊ အာ ခတ် မင်း။ ၎င်း သား တော်၊ ဟေ ဇ ကိ မင်း။ ၎င်း သား တော်၊ မ နာ ရှေ မင်း။

အခန်းကိုကြည့်ပါ။

Judson Bible

ယော​သံ​သား အာ​ခတ်၊ အာ​ခတ်​သား ဟေ​ဇ​ကိ၊ ဟေ​ဇ​ကိ​သား မ​နာ​ရှေ၊

အခန်းကိုကြည့်ပါ။



၁ ရာ​ချုပ် 3:13
11 ပူးပေါင်းရင်းမြစ်များ  

ရေမလိ​၏​သား​ပေကာ​မင်းကြီး နန်းစံ​တစ်ဆယ့်​ခုနစ်​နှစ်​တွင် ယုဒ​ဘုရင်​ယောသံ​မင်းကြီး​၏​သား​တော်​အာခတ် နန်းတက်​၏​။


အာခတ်​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ ဘိုးဘေး​တို့​နှင့်အတူ​ဒါဝိဒ်​မြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ဟေဇကိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ဧလာ​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ဟောရှေ​မင်းကြီး နန်းစံ​သုံး​နှစ်​တွင် ယုဒ​ဘုရင်​အာခတ်​မင်းကြီး​၏​သား​တော်​ဟေဇကိ နန်းတက်​၏​။


ဟေဇကိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​၍ သူ​၏​သား​တော်​မနာရှေ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ယောရှ​၏​သား​မှာ အာမဇိ​၊ အာမဇိ​၏​သား​မှာ အာဇရိ​၊ အာဇရိ​၏​သား​မှာ ယောသံ​၊


မနာရှေ​၏​သား​မှာ အာမုန်​၊ အာမုန်​၏​သား​မှာ ယောရှိ ဖြစ်​၏​။


ထို​အမည်​နှင့်​ရေးမှတ်​ထား​သော​သူ​တို့​သည် ယုဒ​ဘုရင် ဟေဇကိ​မင်းကြီး​လက်ထက်​တွင် ထို​နေရာ​သို့​လာ​၍ ဟာမ​အမျိုး​တို့​နေ​ရာ​တဲ​များ​နှင့် ထို​အရပ်​တွင်​နေထိုင်​ကြ​သော​မဟုနိမ်​လူမျိုး​တို့​ကို တိုက်ခိုက်​ဖျက်ဆီး​သဖြင့် လုံးလုံး​ပျက်စီး​သွား​ခဲ့​သည်​မှာ ယနေ့​တိုင်အောင် ဖြစ်​၏​။ ထို​နေရာ​တွင် သူ​တို့​၏​သိုး​များ​အတွက် စားကျက်မြေ​ရှိ​သောကြောင့် ထို​နေရာ​တွင် နေထိုင်​ကြ​၏​။


ဟေဇကိ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်ဆယ့်​ကိုး​နှစ်​စိုးစံ​၏​။ မယ်တော်​ကား ဇာခရိ​၏​သမီး အဘိယ​အမည်​ရှိ​၏​။


မနာရှေ နန်းတက်​သောအခါ သက်တော်​တစ်ဆယ့်​နှစ်​နှစ်​သာ​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် ငါးဆယ့်​ငါး​နှစ်​စိုးစံ​၏​။