၁ ရာချုပ် 29:8 - မြန်မာ့စံမီသမ္မာကျမ်း ကျောက်မျက်ရတနာရှိသူများက ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်ကို တာဝန်ယူရသူ ဂေရရှုန်အမျိုး ယေဟေလလက်သို့ ပေးအပ်ကြ၏။ Common Language Bible ကျောက်မျက်ရတနာများရှိကြသူတို့သည် ယင်းတို့ကိုလေဝိအနွယ်ဝင်ဂေရရှုံသား ချင်းစုမှယေဟေလအုပ်ချုပ်သည့်ဗိမာန် တော်ဘဏ္ဍာတိုက်သို့ပေးလှူကြ၏။- Garrad Bible ကျောက် မျက် ရှိ သူ တို့ လည်း ဂေ ရ ရှုံ အ နွယ် ယ ဟေ လ ကြည့် ကြပ် ရ သော ဘ ဏ္ဍာ တိုက် သို့ သွင်း လှူ ကြ၏။ Judson Bible ကျောက်မြတ်ရှိသော သူတို့သည်လည်း ဂေရရှုံအမျိုးသား ယေဟေလလက်ဖြင့် ထာဝရဘုရား၏ အိမ်တော်ဘဏ္ဍာထဲသို့ သွင်းကြ၏။ |
အိမ်တော်လှပတင့်တယ်အောင် အဖိုးတန်ကျောက်များ၊ ပါရဝိမ်ပြည်မှရွှေများဖြင့် မွမ်းမံထား၏။
စိတ်အားထက်သန်သောသူ၊ စိတ်စေတနာရှိသောသူအပေါင်းတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်နှင့် ထိုတဲတော်၏အမှုရှိသမျှ၌အသုံးပြုရန်အတွက်၊ သန့်ရှင်းသောအဝတ်တန်ဆာအတွက် ထာဝရဘုရားထံအလှူပစ္စည်းကို ယူဆောင်လာကြ၏။
မျိုးနွယ်စုအလိုက် ဂေရရှုန်၏သားတို့အမည်များကား လိဗနိနှင့် ရှိမိ တို့ဖြစ်ကြ၏။