ထို့ပြင် ဒါဝိဒ်မင်းကြီးသည် မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီများအပြင် ဝင်းတံခါးနှင့်ဂိတ်တံခါးတွင် သုံးရန်သံချွန်များနှင့် ပတ္တာများအတွက် သံကိုလည်း အမြောက်အမြားစီစဉ်ပေးထား၏။
၁ ရာချုပ် 29:7 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဘုရားသခင်၏အိမ်တော်ဆောက်လုပ်ရေးအတွက် ရွှေတာလန်ငါးထောင်၊ ငွေတာလန်တစ်သောင်း၊ ရွှေဒင်္ဂါး အပြားတစ်သောင်း၊ ကြေးနီ တာလန်တစ်သောင်းရှစ်ထောင်၊ သံတာလန်တစ်သိန်း တို့ကိုပေးလှူကြ၏။ Common Language Bible သူတို့သည်ရွှေတန်ချိန်တစ်ရာ့ကိုးဆယ်၊ ငွေ တန်ချိန်သုံးရာ့ရှစ်ဆယ်၊ ကြေးဝါတန်ချိန် ခြောက်ရာခုနစ်ဆယ့်ငါးနှင့်သံတန်ချိန်သုံး ထောင်ခုနစ်ရာ့ငါးဆယ်ကိုပေးလှူကြလေ သည်။- Garrad Bible ဘု ရား သ ခင့် ဗိ မာန် တော် လုပ် ကိုင် မှု အ ဖို့ ရွှေ ချိန် ခွက် တစ် သိန်း ငါး သောင်း၊ ရွှေ ဒင်္ဂါး တစ် သောင်း၊ ငွေ ချိန် ခွက် သုံး သိန်း၊ ကြေး ချိန် ခွက် ငါး သိန်း လေး သောင်း၊ သံ ချိန် ခွက် သုံး သန်း များ ကို စေ တ နာ ထက် သန် စွာ လှူ ဒါန်း ကြ ၏။ Judson Bible ဘုရားသခင်၏အိမ်တော်မှုကို ဆောင်ရွက်ရာဖို့ ရွှေအခွက်ငါးသောင်းနှင့် ရွှေဒင်္ဂါးတစ်သောင်း၊ ငွေအခွက် တစ်သိန်း၊ ကြေးဝါအခွက် တစ်သိန်းရှစ်သောင်း၊ သံအခွက် တစ်သန်းကို လှူကြ၏။ |
ထို့ပြင် ဒါဝိဒ်မင်းကြီးသည် မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီများအပြင် ဝင်းတံခါးနှင့်ဂိတ်တံခါးတွင် သုံးရန်သံချွန်များနှင့် ပတ္တာများအတွက် သံကိုလည်း အမြောက်အမြားစီစဉ်ပေးထား၏။
ထိုသို့ သူတို့တတ်နိုင်သလောက်ပေးလှူကြရာတွင် ရွှေဒင်္ဂါးပြားခြောက်သောင်းတစ်ထောင်၊ ငွေမိနာ့ငါးထောင်နှင့် ယဇ်ပုရောဟိတ်ဝတ်စုံ အစုံတစ်ရာတို့ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်းကြ၏။
ငွေလင်ပန်းတစ်ခု၏အလေးချိန်မှာ တစ်ရာ့သုံးဆယ်ရှယ်ကယ်၊ ငွေဇလုံတစ်လုံး၏အလေးချိန်မှာ ခုနစ်ဆယ်ရှယ်ကယ် ရှိ၏။ ထိုတန်ဆာပလာတို့၏အလေးချိန်ပေါင်းကား သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ရှယ်ကယ်နှစ်ထောင့်လေးရာရှိ၏။
သူသည် စာရင်းစတင်ရှင်းသောအခါ တာလန်တစ်သောင်းအကြွေးတင်သူတစ်ယောက်ကို ရှေ့တော်သို့ခေါ်ဆောင်ခဲ့ကြ၏။