ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကိုဆက်ခံ၍ ထာဝရဘုရား၏ရာဇပလ္လင်တော်ပေါ်တွင် စံနေသောအခါ သူသည် ထွန်းပေါက်အောင်မြင်ပြီး အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးက သူ့ကို နာခံလေ၏။
သို့ဖြစ်၍ရှောလမုန်သည်မိမိခမည်း တော်၏အရိုက်အရာကိုဆက်ခံလျက် ထာဝရဘုရားတည်စေသောရာဇပလ္လင် ပေါ်တွင်ထိုင်တော်မူ၏။ သူသည်အောင်မြင် သောဘုရင်ဖြစ်ပေသည်။ ဣသရေလ အမျိုးသားတစ်ရပ်လုံးသည်လည်း သူ၏အမိန့်ကိုနာခံကြလေသည်။-
ရှော လ မုန် သည် ခ မည်း တော် ဒါ ဝိဒ် မင်း အ ရိုက် အ ရာ၌ ထာ ဝ ရ ဘု ရား၏ ရာ ဇ ပ လ္လင် ထက် စံ လျက် အာ ဏာ ကြီး မြင့်၍ တစ် မျိုး လုံး နာ ခံ ကြ လေ ၏။
ထိုအခါ ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်ကိုယ်စား ရှင်ဘုရင်အရာကိုခံ၍ ထာဝရဘုရား၏ ရာဇပလ္လင်တော်ပေါ်မှာ ထိုင်လျက် ဘုန်းကြီးတော်မူ၏။ ဣသရေလအမျိုးသားအပေါင်းတို့သည် စကားတော်ကို နားထောင်ကြ၏။
ဒါဝိဒ်မင်းကြီးထံ အခစားဝင်၍ ‘အကျွန်ုပ်၏သခင်အရှင်မင်းကြီးက သခင့်ကျွန်မအား “သင့်သားရှောလမုန်သည် ငါ့နန်းမွေကို ဆက်ခံရမည်။ ငါ၏ရာဇပလ္လင်ပေါ်တွင် စံနေရမည်”ဟု ကျိန်ဆိုခဲ့ပြီမဟုတ်လော။ ယခုမှာ အဒေါနိယသည် အဘယ်ကြောင့် မင်းဖြစ်ရပါသနည်း’ဟု လျှောက်တင်လော့။
‘သင့်သားရှောလမုန်သည် ငါ့နန်းမွေကို ဆက်ခံရမည်။ ငါ့ရာဇပလ္လင်၊ ငါ့နေရာတွင် စံမြန်းရမည်’ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို တိုင်တည်ကျိန်ဆိုခဲ့သည့်အတိုင်း ယနေ့တွင် ဤအမှုကို ငါပြုမည်”ဟု မိန့်တော်မူ၏။
ထို့နောက် သင်တို့သည် သူနှင့်အတူပြန်လိုက်လာရမည်။ သူသည် ငါ့ရာဇပလ္လင်ပေါ်တွင် စံမြန်းရမည်။ ငါ့နန်းမွေကို ဆက်ခံရမည်။ ယခု သူ့ကို အစ္စရေးလူမျိုးနှင့် ယုဒလူမျိုးတို့၏ဘုရင်အဖြစ် ငါခန့်ထားပြီ”ဟု မိန့်ဆို၏။
ရှောလမုန်သည်လည်း ဘုရင့်ရာဇပလ္လင်ပေါ်တွင် စံမြန်းနေပါပြီ။
ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်တွင်စံမြန်း၍ သူ့နိုင်ငံသည် တည်မြဲလေ၏။
ရာတပ်မှူးများ၊ ကိုယ်ရံတော်များ၊ အစောင့်တပ်သားများနှင့် ပြည်သူပြည်သားအပေါင်းတို့ကို ဆင့်ခေါ်၍ ရှင်ဘုရင်ကို ထာဝရဘုရား၏အိမ်တော်မှခေါ်ထုတ်လာကာ ကင်းစောင့်တံခါးရှိရာလမ်းအတိုင်း ဘုရင့်နန်းတော်သို့ ကြွချီစေသဖြင့် ရှင်ဘုရင်သည် ရာဇပလ္လင်ပေါ်တွင် စံမြန်းလေ၏။
သို့ဖြစ်၍ ငါ့သား၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိပါစေသော။ သင်သည် အောင်မြင်သောသူ ဖြစ်ပါစေသော။ သင့်အား မိန့်တော်မူသည့်အတိုင်း ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို သင်တည်ဆောက်နိုင်ပါစေသော။
ထာဝရဘုရားသည် ငါ့အား သားအများအပြားကိုပေးတော်မူ၏။ ထိုသားအပေါင်းတို့ထဲမှ သားတော်ရှောလမုန်ကို ရွေးချယ်တော်မူပြီး အစ္စရေးလူမျိုးကို အုပ်ချုပ်ရန်အတွက် ထာဝရဘုရား၏နိုင်ငံတော်ရာဇပလ္လင်ပေါ်တွင် စံမြန်းစေတော်မူ၏။
မှူးမတ်များ၊ စစ်သူရဲများနှင့် ဒါဝိဒ်မင်းကြီး၏သားတော်အပေါင်းတို့သည် ရှောလမုန်မင်းကြီးထံ၌ သစ္စာခံကြ၏။
ဒါဝိဒ်မင်းကြီး၏သားတော် ရှောလမုန်မင်းကြီးသည် မိမိနိုင်ငံတော်ကို ခိုင်ခံ့တည်မြဲစေ၏။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူပါရှိပြီး သူ့ကိုအထူးချီးမြှောက်တော်မူ၏။
ထိုအခါ ရှောလမုန်မင်းကြီးက ဘုရားသခင်အား “ကိုယ်တော်သည် အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ကြီးမားသောမေတ္တာကရုဏာကို ပြတော်မူပြီး အကျွန်ုပ်အားလည်း ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေပါပြီ။
ရာတပ်မှူးများ၊ မှူးမတ်များ၊ ပြည်သူတို့ကိုကြီးကြပ်ပေးမည့်သူများနှင့် ပြည်သူပြည်သားအားလုံးတို့ကို ဆင့်ခေါ်၍ ရှင်ဘုရင်ကို ထာဝရဘုရား၏အိမ်တော်မှခေါ်ထုတ်လာကြ၍ အထက်တံခါးလမ်းအတိုင်း ဘုရင့်နန်းတော်သို့ကြွချီစေပြီး တော်ဝင်ရာဇပလ္လင်တွင် စံမြန်းစေလေ၏။
ရှောလမုန်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် အစ္စရေးတစ်မျိုးနွယ်လုံးကို နှစ်ပေါင်းလေးဆယ် အုပ်စိုးလေ၏။
မင်းကြီးကိုနှစ်သက်မြတ်နိုး၍ ရှင်ဘုရင်အဖြစ်ရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ မင်းကြီး၏ဘုရားသခင်သည် အစ္စရေးလူမျိုးကိုချစ်တော်မူ၍ ထာဝရတည်စေလိုသဖြင့် တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။
ထာဝရဘုရားသည် ဒါဝိဒ်အား သစ္စာနှင့်ကျိန်ဆိုပြီး ပြန်လည်ရုပ်သိမ်းတော်မူမည်မဟုတ်သောစကားမှာ “ငါသည် သင်မှပေါက်ဖွားသောရင်သွေးတစ်ဦးကို သင်၏ရာဇပလ္လင်ပေါ်ထိုင်စေမည်။
ဒါဝိဒ်၏သားတော်၊ အစ္စရေးဘုရင်၊ ရှောလမုန်၏သုတ္တံစကားများ။
အထက်အာဏာပိုင်များကို လူတိုင်းနာခံစေ။ အကြောင်းမူကား ဘုရားသခင်ထံမှမဟုတ်သောအာဏာဟူ၍မရှိ။ တည်လျက်ရှိသောအာဏာများသည် ဘုရားသခင်ခန့်အပ်တော်မူရာဖြစ်၏။
မောရှေသည် နုန်၏သား ယောရှုအပေါ် လက်တင်ခဲ့သောကြောင့် ယောရှုသည် ဉာဏ်ပညာနှင့်ပြည့်ဝ၏။ အစ္စရေးအမျိုးသားတို့သည် သူ၏စကားကိုနားထောင်၍ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်းပြုကြ၏။