ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်ရွှေစားပွဲ၊
၁ ရာချုပ် 28:16 - မြန်မာ့စံမီသမ္မာကျမ်း ရှေ့တော်မုန့်တင်ရန်စားပွဲများအတွက် စားပွဲတစ်ခုစီ၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေစားပွဲများအတွက် စားပွဲတစ်ခုစီ၏အလေးချိန်အလိုက်လိုအပ်သောငွေ၊ Garrad Bible ငွေ မီး ခွက် ပါ မီး ခုံ တော် ဟူ သ မျှ အ ဖို့ ငွေ ချိန် ကို လည်း ကောင်း၊ ရှေ့ တော် မုန့် တင် စား ပွဲ ဟူ သ မျှ အ ဖို့ ရွှေ ချိန် နှင့် ငွေ စား ပွဲ တော် များ အ ဖို့ ငွေ ချိန် ကို လည်း ကောင်း၊ Judson Bible ရှေ့တော်မုန့်တင်စရာ ရွှေစားပွဲနှင့် ငွေစားပွဲ အသီးအသီးအဖို့ ရွှေငွေကိုချိန်၍ အပ်တော်မူ၏။ |
ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်ရွှေစားပွဲ၊
ရွှေဆီမီးခုံများနှင့်ရွှေမီးခွက်များအတွက် ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေဆီမီးခုံများအတွက်လည်း ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောငွေ၊
ခက်ရင်းခွများ၊ ဇလုံများ၊ ကရားများအတွက် ရွှေစင်များ၊ ရွှေဖလားများအတွက် ရွှေဖလားတစ်ခုစီ၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေဖလားများအတွက် ဖလားတစ်ခုစီ၏အလေးချိန်အလိုက်လိုအပ်သောငွေ၊
ရှောလမုန်မင်းကြီးသည် ဘုရားသခင်အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊
စားပွဲဆယ်လုံးကိုလည်း ပြုလုပ်ပြီး ဗိမာန်တော်အတွင်း ယာဘက်ခြမ်းတွင်ငါးလုံး၊ ဝဲဘက်ခြမ်းတွင်ငါးလုံး နေရာချထား၏။ ထို့ပြင် ရွှေဇလုံအလုံးတစ်ရာကိုလည်း ပြုလုပ်၏။
သူသည် ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါး သူကိုယ်တိုင်ရော သူနှင့်အတူရှိသောသူတို့ပါ စားခွင့်မရှိသောရှေ့တော်မုန့်ကို စားခဲ့ကြ၏။