ယဇ်ပုရောဟိတ်အဖွဲ့၊ လေဝိလူမျိုးအဖွဲ့နှင့် ထာဝရဘုရား၏အိမ်တော်တွင်ထမ်းဆောင်ရမည့်အမှုအားလုံး၊ ထာဝရဘုရား၏အိမ်တော်၌အမှုတော်ထမ်းဆောင်ရာတွင်အသုံးပြုသော အသုံးအဆောင်များအားလုံး၊
၁ ရာချုပ် 28:14 - မြန်မာ့စံမီသမ္မာကျမ်း အမှုတော်ထမ်းဆောင်ရာတွင်လိုအပ်သောရွှေထည်အသုံးအဆောင်အားလုံးအတွက် ရွှေအလေးချိန်အလိုက်၊ အမှုတော်ထမ်းဆောင်ရာတွင်လိုအပ်သောငွေထည်အသုံးအဆောင်အားလုံးအတွက် ငွေအလေးချိန်အလိုက်၊ Common Language Bible မင်းကြီးသည်ခွက်ဖလားများအတွက်၊ မီးခွက်နှင့်မီးတင်ခုံတစ်ခုစီအတွက်၊ ရွှေ စားပွဲများအတွက်နှင့် ထာဝရဘုရား အားပူဇော်ရာမုန့်များတင်သည့်ရွှေစား ပွဲတစ်ခုစီအတွက်ငွေချိန်၊ ရွှေချိန်မည် မျှအသုံးပြုရမည်ကိုညွှန်ကြားတော် မူ၏။- Garrad Bible ရွှေ အ သုံး အ ဆောင် တော် အ မျိုး မျိုး အ ဖို့ ရွှေ ချိန် ကို လည်း ကောင်း၊ ငွေ အ သုံး အ ဆောင် တော် အ မျိုး မျိုး အ ဖို့ ငွေ ချိန် ကို လည်း ကောင်း၊ Judson Bible အမှုတော်အမျိုးမျိုးကို ဆောင်ရွက်စရာ ရွှေတန်ဆာရှိသမျှတို့အဖို့ ရွှေကိုလည်းကောင်း၊ ငွေတန်ဆာရှိသမျှတို့အဖို့ ငွေကိုလည်းကောင်း ချိန်၍ အပ်တော်မူ၏။ |
ယဇ်ပုရောဟိတ်အဖွဲ့၊ လေဝိလူမျိုးအဖွဲ့နှင့် ထာဝရဘုရား၏အိမ်တော်တွင်ထမ်းဆောင်ရမည့်အမှုအားလုံး၊ ထာဝရဘုရား၏အိမ်တော်၌အမှုတော်ထမ်းဆောင်ရာတွင်အသုံးပြုသော အသုံးအဆောင်များအားလုံး၊
ရွှေဆီမီးခုံများနှင့်ရွှေမီးခွက်များအတွက် ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေဆီမီးခုံများအတွက်လည်း ဆီမီးခုံတစ်ခုစီနှင့် မီးခွက်တို့၏အလေးချိန်အလိုက်လိုအပ်သောငွေ၊
ထို့ကြောင့် ငါ၏ဘုရားသခင့်အိမ်တော်အဖို့ ရွှေထည်အတွက် ရွှေ၊ ငွေထည်အတွက် ငွေ၊ ကြေးထည်အတွက် ကြေး၊ သံထည်အတွက် သံ၊ ပျဉ်ပြားများအတွက် သစ်သား၊ မဟူရာကြောင်ဝင်ကျောက်များ၊ စီချယ်စရာကျောက်များ၊ စိမ်းပြာရောင်ကျောက်များ၊ ရောင်စုံကျောက်များ၊ အဖိုးတန်ကျောက်အမျိုးမျိုးနှင့် ကျောက်ဖြူအမြောက်အမြားတို့ကို ငါတတ်စွမ်းနိုင်သမျှ ပြင်ဆင်ထားပေးခဲ့ပြီ။
ထို့ပြင် စီရင်ထုံးဖွဲ့ချက်အတိုင်း ရွှေဆီမီးခုံဆယ်ခုကိုလည်း သွန်းလုပ်၍ ဗိမာန်တော်အတွင်း ယာဘက်ခြမ်းတွင်ငါးခု၊ ဝဲဘက်ခြမ်းတွင်ငါးခု ထားရှိ၏။
စတုတ္ထနေ့တွင် ဘုရားသခင်၏အိမ်တော်၌ ရွှေငွေနှင့် အသုံးအဆောင်များကို ချိန်တွယ်ပြီး ယဇ်ပုရောဟိတ်ဥရိယ၏သား မေရမုတ်လက်သို့ ပေးအပ်လိုက်၏။ ထိုနေရာတွင် ဖိနဟတ်၏သားဧလာဇာ၊ လေဝိအမျိုးယေရွှာ၏သား ယောဇဗဒ်နှင့် ဗိနွိ၏သား နောဒိတို့လည်း ရှိကြ၏။