ဣရှမေလအမျိုး ဩဗိလသည် ကုလားအုတ်များကို တာဝန်ယူရ၏။ မေရောနုတ်မြို့သားယေဒေယသည် မြည်းတို့ကို တာဝန်ယူရ၏။
၁ ရာချုပ် 27:31 - မြန်မာ့စံမီသမ္မာကျမ်း ဟာဂရိလူမျိုးယာဇဇ်သည် သိုးများကို တာဝန်ယူရ၏။ ဤသူအားလုံးတို့သည် ဒါဝိဒ်မင်းကြီးပိုင်ဆိုင်သောဥစ္စာတို့ကို ကြီးကြပ်ပေးရသောအကြီးအကဲများ ဖြစ်ကြ၏။ Garrad Bible ဤ သူ တို့ သည် ဒါ ဝိဒ် မင်း ပိုင် ရာ တော် ကို အုပ် ထိန်း ရ ကြ ၏။ Judson Bible ဟာဂရအမျိုးသားယာဇဇ်သည် သိုးတို့ကိုလည်းကောင်း အုပ်ရ၏။ ဤသူတို့သည် ဒါဝိဒ်မင်းကြီး၏ ဥစ္စာဘဏ္ဍာတော်ကို အုပ်ရသောသူပေတည်း။ |
ဣရှမေလအမျိုး ဩဗိလသည် ကုလားအုတ်များကို တာဝန်ယူရ၏။ မေရောနုတ်မြို့သားယေဒေယသည် မြည်းတို့ကို တာဝန်ယူရ၏။
ဒါဝိဒ်မင်းကြီး၏ဘထွေးတော်ယောနသန်သည် သိနားလည်နိုင်စွမ်းရှိသူအတိုင်ပင်ခံအမတ်လည်း ဖြစ်၏။ ကျမ်းပြုဆရာလည်း ဖြစ်၏။ ဟခမောနိ၏သားယေဟေလသည် ဘုရင့်သားတော်တို့ကို စောင့်ရှောက်ပေးရ၏။
သူတို့သည် ရှောလုမင်းကြီးလက်ထက်တွင် ဟာဂရိလူမျိုးတို့နှင့် စစ်တိုက်ရာ ဟာဂရိလူမျိုးတို့ရှုံးနိမ့်ပြီး သူတို့လက်အောက်သို့ကျရောက်သွား၏။ ထို့ကြောင့် သူတို့သည် ဂိလဒ်ပြည်အရှေ့ဘက်နယ်မြေတစ်လျှောက်ရှိ ဟာဂရိလူမျိုးတို့၏တဲများတွင် ဝင်ရောက်နေထိုင်ကြ၏။
သူတို့သည် ဟာဂရိ၊ ယေတုရ၊ နာဖိရှ၊ နောဒပ် စသောလူမျိုးတို့နှင့် စစ်တိုက်ကြ၏။
ငါသည် ကျွန်ယောက်ျားနှင့် ကျွန်မိန်းမတို့ကို ဝယ်ယူ၏။ ငါ့ထံ၌ ကျွန်သပေါက်များလည်းရှိ၏။ ငါ့အလျင် ဂျေရုဆလင်မြို့၌ရှိနှင့်သူအားလုံးတို့ထက် များစွာသောတိရစ္ဆာန်တို့လည်း ငါ၌ရှိ၏။
ထိုနေ့၌ ရှောလု၏အစေအပါးတစ်ဦးသည် ထိုနေရာတွင်ရှိနေ၍ ထာဝရဘုရားရှေ့တော်၌ ထိန်းချုပ်ထားခြင်းခံနေရ၏။ ထိုသူမှာ ရှောလု၏သိုးထိန်းအုပ် ဧဒုံပြည်သား ဒေါဂဖြစ်၏။