ဣရှမေလအမျိုး ဩဗိလသည် ကုလားအုတ်များကို တာဝန်ယူရ၏။ မေရောနုတ်မြို့သားယေဒေယသည် မြည်းတို့ကို တာဝန်ယူရ၏။
၁ ရာချုပ် 27:29 - မြန်မာ့စံမီသမ္မာကျမ်း ရှာရုန်မြို့သား ရှိတရဲသည် ရှာရုန်အရပ်၌ကျက်စားသောတိရစ္ဆာန်အုပ်ကို တာဝန်ယူရ၏။ အာဒလဲ၏သားရှာဖတ်သည် ချိုင့်ဝှမ်းလွင်ပြင်တိရစ္ဆာန်အုပ်ကို တာဝန်ယူရ၏။ Garrad Bible ရှာ ရုန် လွင် ပြင် သား ရှိ တ ရဲ သည် ရှာ ရုန် လွင် ပြင် ရှိ နွား တော် ဝန်၊ အာ ဒ လဲ သား ရှာ ပတ် သည် ရှ ဖေ လာ ခ ရိုင် ရှိ နွား တော် ဝန်၊ Judson Bible ရှာရုန်အရပ်သား ရှိတရဲသည် ရှာရုန်အရပ်၌ ကျက်စားသောနွားစုကိုလည်းကောင်း၊ အာဒလဲသား ရှာဖတ်သည် ချိုင့်တို့၌ကျက်စားသော နွားစုကိုလည်းကောင်း အုပ်ရ၏။ |
ဣရှမေလအမျိုး ဩဗိလသည် ကုလားအုတ်များကို တာဝန်ယူရ၏။ မေရောနုတ်မြို့သားယေဒေယသည် မြည်းတို့ကို တာဝန်ယူရ၏။
သူတို့သည် ဂိလဒ်ပြည်၊ ဗာရှန်ပြည်နှင့် ထိုပြည်၏မြို့ရွာများမှစ၍ ရှာရုန်နယ်မြေအစွန်အဖျားအထိ စားကျက်မြေအားလုံးတို့တွင် နေထိုင်ကြ၏။
မြေနိမ့်ဒေသနှင့် လွင်ပြင်တို့တွင် သူပိုင်ဆိုင်သောတိရစ္ဆာန်များစွာရှိသောကြောင့် တောထဲ၌ မျှော်စင်များကိုဆောက်လုပ်၏။ ရေတွင်းများစွာကိုလည်း တူး၏။ လယ်ယာစိုက်ပျိုးရေးကို ဝါသနာပါသောကြောင့် တောင်ကုန်းများ၊ သီးနှံဖြစ်ထွန်းသောမြေယာများတွင် လယ်သမားများ၊ စပျစ်ခြံလုပ်သားများကို ထားရှိ၏။
ငါသည် ကျွန်ယောက်ျားနှင့် ကျွန်မိန်းမတို့ကို ဝယ်ယူ၏။ ငါ့ထံ၌ ကျွန်သပေါက်များလည်းရှိ၏။ ငါ့အလျင် ဂျေရုဆလင်မြို့၌ရှိနှင့်သူအားလုံးတို့ထက် များစွာသောတိရစ္ဆာန်တို့လည်း ငါ၌ရှိ၏။
ဝေဝေဆာဆာဖူးပွင့်၍ ဝမ်းမြောက်ပျော်ရွှင်စွာ သီချင်းဆိုလိမ့်မည်။ လက်ဘနွန်တောင်၏ဘုန်းအသရေ၊ ကရမေလတောင်နှင့် ရှာရုန်လွင်ပြင်တို့၏ခန့်ညားထည်ဝါမှုကို ရရှိလိမ့်မည်။ ထာဝရဘုရား၏ဘုန်းအသရေ၊ ငါတို့ဘုရားသခင်၏ခန့်ညားထည်ဝါမှုကို မြင်ရလိမ့်မည်။
ငါ့ကိုရှာဖွေသော ငါ၏လူတို့အတွက် ရှာရုန်လွင်ပြင်သည် သိုးစားကျက်ဖြစ်မည်။ အာခေါ်ချိုင့်ဝှမ်းသည် နွားအုပ် လဲလျောင်းရာအရပ်ဖြစ်မည်။
လုဒ္ဒမြို့နှင့်ရှာရုန်ဒေသ၌ နေထိုင်သောသူအပေါင်းတို့သည် အဲနေကိုမြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြ၏။
ခရီးစပြုကြလော့။ အာမောရိတောင်ပေါ်ဒေသနှင့် ထိုဒေသအနီးရှိ အရာဗလွင်ပြင်၊ တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ နေဂေ့အရပ်သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေဒေသသို့လည်းကောင်း၊ ခါနာန်ပြည်သို့လည်းကောင်း၊ လက်ဘနွန်တောင်မှ ယူဖရေးတီးမြစ်ကြီးတိုင်အောင်လည်းကောင်း လှည့်သွားလော့။
ထိုနေ့၌ ရှောလု၏အစေအပါးတစ်ဦးသည် ထိုနေရာတွင်ရှိနေ၍ ထာဝရဘုရားရှေ့တော်၌ ထိန်းချုပ်ထားခြင်းခံနေရ၏။ ထိုသူမှာ ရှောလု၏သိုးထိန်းအုပ် ဧဒုံပြည်သား ဒေါဂဖြစ်၏။