၁ ရာချုပ် 27:22 - မြန်မာ့စံမီသမ္မာကျမ်း ဒန်အမျိုးတွင် ယေရောဟံ၏သားအာဇရေလ စသည်တို့ဖြစ်၏။ ဤသူတို့သည် အစ္စရေးအမျိုးအနွယ်၏အကြီးအကဲများ ဖြစ်ကြ၏။ Garrad Bible ဒန့် အ နွယ် တွင် ယေ ရော ဟံ့ သား အာဇ ရေ လ တို့ တည်း။ ဣ သ ရေ လ အ မျိုး အ နွယ် တွင် တပ် မှူး တို့ ကား ထို သို့ တည်း။ Judson Bible ဒန်အမျိုးတွင် ယေရောဟံ၏သား အာဇရေလ၊ ဤရွေ့ကား ဣသရေလအမျိုးတို့ကို အုပ်သောမင်းပေတည်း။ |
ဂိလဒ်ပြည်ရှိကျန်မနာရှေအမျိုးတစ်ဝက်တွင် ဇာခရိ၏သားဣဒေါ၊ ဗင်္ယာမိန်အမျိုးတွင် အာဗနာ၏သားယာသေလ၊
ဒါဝိဒ်မင်းကြီးသည် အစ္စရေးအကြီးအကဲများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မင်းမှုထမ်းတပ်ဖွဲ့အကြီးအကဲများ၊ လူတစ်ထောင်အုပ်များနှင့် လူတစ်ရာအုပ်များအားလုံး၊ ရှင်ဘုရင်နှင့်သားတော်တို့၏ဥစ္စာပစ္စည်းများ၊ တိရစ္ဆာန်များကိုကြီးကြပ်ပေးရသူများအားလုံး၊ နန်းတွင်းအကြီးအကဲများ၊ စစ်သူရဲများနှင့် ရဲစွမ်းသတ္တိရှိသူအားလုံးတို့ကို ဂျေရုဆလင်မြို့တွင် စုဝေးစေ၏။