၁ ရာချုပ် 27:12 - မြန်မာ့စံမီသမ္မာကျမ်း နဝမလတွင် တာဝန်ထမ်းဆောင်ရသောနဝမတပ်ဖွဲ့၏တပ်မှူးမှာ ဗင်္ယာမိန်အမျိုး၊ အနေသောသိလူမျိုး အဗျေဇာဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။ Garrad Bible န ဝ မ လ အ လှည့် ဗင်္ယာ မိန့် အ နွယ်၊ အာ န သုတ် မြို့ သား၊ န ဝ မ ဗိုလ် အ ဗျေ ဇာ နှင့် စစ် သည် နှစ် သောင်း လေး ထောင်၊ Judson Bible နဝမလတွင် နဝမဗိုလ်မင်းကား ဗင်္ယာမိန်အမျိုး၊ အနေသောသိအနွယ်ဖြစ်သော အဗျေဇာ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။ |
အဋ္ဌမလတွင် တာဝန်ထမ်းဆောင်ရသောအဋ္ဌမတပ်ဖွဲ့၏တပ်မှူးမှာ ဇေရအမျိုးသား ဟုရှသိလူမျိုး သိဗေခဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
ဒသမလတွင် တာဝန်ထမ်းဆောင်ရသောဒသမတပ်ဖွဲ့၏တပ်မှူးမှာ ဇေရအမျိုး နေတောဖမြို့သား မဟာရဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။