ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရား၏သေတ္တာတော်ကို မိမိနှင့်အတူ ဒါဝိဒ်မြို့သို့ သယ်ဆောင်သွားရန် ဆန္ဒမရှိသဖြင့် ဂိတ္တိလူမျိုးဩဗဒေဒုံ၏အိမ်သို့ သယ်ဆောင်သွား၏။
၁ ရာချုပ် 26:8 - မြန်မာ့စံမီသမ္မာကျမ်း ဤသူအားလုံးတို့သည် ဩဗဒေဒုံ၏သားမြေးများ ဖြစ်ကြ၏။ သူတို့၏သားများ ညီအစ်ကိုများသည် အမှုတော်လုပ်ငန်းတွင် ရဲစွမ်းသတ္တိထက်မြက်၍ ခွန်အားကြီးသောသူများဖြစ်၏။ ဩဗဒေဒုံ၌ သားမြေးပေါင်း ခြောက်ဆယ့်နှစ်ယောက် ရှိ၏။ Common Language Bible သြဗဒေဒုံ၏အိမ်ထောင်စုမှဤအလုပ် တာဝန်အတွက် အထူးအရည်အချင်းနှင့် ပြည့်စုံသူလူခြောက်ဆယ့်နှစ်ယောက်ရရှိ၏။ Garrad Bible သြ ဗ ဒေ ဒုံ၏ ဆို ခဲ့ သော သား မြေး တို့ နှင့် သား ရော ညီ ပါ အ မှု တော် ကို ဆောင် ရွက် ခြင်း ငှါ စွမ်း ရည် ရှိ သူ ပေါင်း ကား ခြောက် ကျိပ် နှစ် ယောက် တို့ တည်း။ Judson Bible အမှုတော်ကိုဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်အောင် ခွန်အားကြီးသော ဩဗဒေဒုံအမျိုးသားချင်း ယောက်ျားပေါင်းကား ခြောက်ကျိပ်နှစ်ယောက်တည်း။ |
ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရား၏သေတ္တာတော်ကို မိမိနှင့်အတူ ဒါဝိဒ်မြို့သို့ သယ်ဆောင်သွားရန် ဆန္ဒမရှိသဖြင့် ဂိတ္တိလူမျိုးဩဗဒေဒုံ၏အိမ်သို့ သယ်ဆောင်သွား၏။
ရှေမာယ၏သားများမှာ ဩသနိ၊ ရေဖေလ၊ ဩဗက်၊ ဧလဇာဗဒ်နှင့် ရဲစွမ်းသတ္တိထက်မြက်သည့် သူတို့၏ညီအစ်ကိုများဖြစ်သော ဧလိဟုနှင့်သေမခိ တို့ဖြစ်ကြ၏။
မေရှလေမိ၌ ရဲစွမ်းသတ္တိထက်မြက်သော သားများနှင့်ညီအစ်ကိုပေါင်း တစ်ဆယ့်ရှစ်ယောက် ရှိ၏။
သူသည် အစေအပါးအသီးသီးတို့အား သူတို့၏အရည်အချင်းနှင့်အညီ တစ်ဦးကိုငါးတာလန်၊ အခြားတစ်ဦးကိုနှစ်တာလန်နှင့် နောက်တစ်ဦးကိုတစ်တာလန် စသည်ဖြင့် ပေးအပ်ပြီးလျှင် ခရီးထွက်လေ၏။
ဘုရားသခင်သည် ငါတို့အား ပဋိညာဉ်သစ်၏အမှုကိုဆောင်ရွက်နိုင်သောအစွမ်းအစကိုပေးတော်မူ၏။ ထိုပဋိညာဉ်သစ်သည် အက္ခရာတင်ထားသောတရားနှင့်မဆိုင်၊ ဝိညာဉ်တော်နှင့်သာဆိုင်၏။ အကြောင်းမူကား အက္ခရာတင်ထားသောတရားသည် အသက်ကိုသေစေ၍ ဝိညာဉ်တော်မူကား အသက်ကိုရရှိစေ၏။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။