ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရား၏သေတ္တာတော်ကို မိမိနှင့်အတူ ဒါဝိဒ်မြို့သို့ သယ်ဆောင်သွားရန် ဆန္ဒမရှိသဖြင့် ဂိတ္တိလူမျိုးဩဗဒေဒုံ၏အိမ်သို့ သယ်ဆောင်သွား၏။
၁ ရာချုပ် 26:4 - မြန်မာ့စံမီသမ္မာကျမ်း ဩဗဒေဒုံ၏သားများမှာ သားဦး ရှေမာယ၊ ဒုတိယသား ယဟောဇဗဒ်၊ တတိယသား ယောအာ၊ စတုတ္ထသား စာကာ၊ ပဉ္စမသား နာသနေလ၊ Common Language Bible ရှေမာယ၊ ယောဇဗပ်၊ ယောအာ၊ စာကာ၊ နာသ နေလ၊ အမျေလ၊ ဣသခါ၊ ပုလသဲဟူသော သားရှစ်ယောက်ဖြင့်ထာဝရဘုရားကောင်း ချီးပေးသူသြဗဒေဒုံဆိုသူလည်းရှိ၏။ Garrad Bible ထာ ဝ ရ ဘု ရား အ ကျိုး ထူး ပေး တော် မူ သည့် အ တိုင်း သြဗ ဒေ ဒုံ ရ သော သား များ ကား သား ဦး ရှေ မာ ယ၊ ဒု တိ ယ ယော ဇ ဗပ်၊ တ တိ ယ ယော အာ၊ စ တု တ္ထ စာ ကာ၊ ပ ဥ္စ မ နာ သ နေ လ၊ ဆ ဌ မ အ မျေ လ၊ သ တ္တ မ ဣ သ ခါ၊ အ ဌ မ ပု လ သဲ တို့ တည်း။ Judson Bible ဩဗဒေဒုံ၏သားဦး ရှေမာယ၊ ဒုတိယသား ယောဇဗပ်၊ တတိယသား ယောအာ၊ စတုတ္ထသား စာကာ၊ ပဥ္စမသား နာသနေလ၊ |
ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရား၏သေတ္တာတော်ကို မိမိနှင့်အတူ ဒါဝိဒ်မြို့သို့ သယ်ဆောင်သွားရန် ဆန္ဒမရှိသဖြင့် ဂိတ္တိလူမျိုးဩဗဒေဒုံ၏အိမ်သို့ သယ်ဆောင်သွား၏။
ဤသို့ဖြင့် ထာဝရဘုရား၏သေတ္တာတော်သည် ဂိတ္တိလူမျိုးဩဗဒေဒုံ၏အိမ်တွင် သုံးလမျှ ကိန်းဝပ်တော်မူပြီး ထာဝရဘုရားသည် ဩဗဒေဒုံနှင့် သူ၏အိမ်သူအိမ်သားအပေါင်းတို့အား ကောင်းချီးပေးတော်မူ၏။
“ဘုရားသခင်၏သေတ္တာတော်ကြောင့် ဩဗဒေဒုံ၏အိမ်သူအိမ်သားတို့နှင့်တကွ သူပိုင်ဆိုင်သောအရာအားလုံးကို ထာဝရဘုရားကောင်းချီးပေးတော်မူပြီ”ဟု ဒါဝိဒ်မင်းကြီးအား ကြားပြောကြသောအခါ ဒါဝိဒ်မင်းကြီးသည် သွား၍ ဘုရားသခင်၏သေတ္တာတော်ကို ဩဗဒေဒုံ၏အိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်စွာ သယ်ဆောင်လာလေ၏။
ဤသို့ဖြင့် ဘုရားသခင်၏သေတ္တာတော်သည် ဩဗဒေဒုံ၏အိမ်၌ အိမ်သားတို့နှင့်အတူ သုံးလမျှကိန်းဝပ်တော်မူပြီး ထာဝရဘုရားသည် ဩဗဒေဒုံ၏အိမ်သူအိမ်သားများနှင့် သူပိုင်ဆိုင်သမျှတို့ကို ကောင်းချီးပေးတော်မူ၏။
ဒုတိယအုပ်စုတွင် သူတို့၏ဆွေမျိုးသားချင်းများဖြစ်သော ဇာခရိ၊ ဗင်၊ ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံနှင့်ယေယေလ တို့ကိုခွဲခန့်ထား၏။
မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေယေလ၊ အာဇဇိ တို့သည် ရှေမိနိတ်သံစဉ်နှင့်အညီစောင်းကို တီးရသော ဂီတမှူးများ ဖြစ်ကြ၏။
ယဇ်ပုရောဟိတ် ရှေဗနိ၊ ယောရှာဖတ်၊ နာသနေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏သေတ္တာတော်ရှေ့တွင် တံပိုးခရာမှုတ်ကြရ၏။ ဩဗဒေဒုံနှင့်ယေဟိတို့သည်လည်း သေတ္တာတော်တံခါးကို စောင့်ကြပ်ရ၏။
ဩဗဒေဒုံနှင့်သူ၏ဆွေမျိုးသားချင်းခြောက်ဆယ့်ရှစ်ယောက်လည်း ပါ၏။ ယေဒုသုန်၏သား ဩဗဒေဒုံနှင့် ဟောသတို့ကို တံခါးစောင့်အဖြစ် ချထား၏။
ခေါင်းဆောင်မှာ အာသပ်ဖြစ်၍ သူ၏လက်ထောက်မှာ ဇာခရိဖြစ်၏။ ယေယေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ ဩဗဒေဒုံ၊ ယေယေလ တို့သည် စောင်းပြား၊ စောင်းကောက်စသောတူရိယာတို့ကို တီးခတ်ရ၏။ အာသပ်ကား လင်းကွင်းကို တီးရ၏။
ဆဋ္ဌမသား အမျေလ၊ သတ္တမသား ဣသခါ၊ အဋ္ဌမသား ပုလသဲ တို့ဖြစ်ကြ၏။ သူတို့သည် ဩဗဒေဒုံအား ဘုရားသခင်ပေးတော်မူသောကောင်းချီးများ ဖြစ်၏။