၁ ရာချုပ် 26:25 - မြန်မာ့စံမီသမ္မာကျမ်း ရှေဗွေလ၏ညီအစ်ကိုများမှာ ဧလျေဇာ၏သား ရေဟဘိ၊ ရေဟဘိ၏သား ယေရှာယ၊ ယေရှာယ၏သား ယောရံ၊ ယောရံ၏သား ဇိခရိ၊ ဇိခရိ၏သား ရှေလောမုတ် တို့ဖြစ်ကြ၏။ Common Language Bible သူသည်ဂေရရှုံ၏ညီ၊ ဧလျာဇာနှင့်ဆက်စပ် ၍ရှေလောမိတ်၏ဆွေမျိုးဖြစ်လာလေသည်။ ဧလျာဇာ၏သားသည်ရေဟဗိ၊ ရေဟဗိ၏ သားမှာယေရှာယ၊ ယေရှာယ၏သားကား ယောရံဖြစ်၏။ ယောရံ၏သားသည်ဇိခရိ ဖြစ်၍ဇိခရိ၏သားမှာရှေလောမိတ်ဖြစ် သတည်း။- Garrad Bible ဆွေ မျိုး သား ချင်း တို့ အ တွင်း ဧ လျေ ဇာ့ သား ရေ ဟ ဘိ၊ ၎င်း သား ယေ ရှာ ယ၊ ၎င်း သား ယော ရံ၊ ၎င်း သား ဇိ ခ ရိ၊ Judson Bible ဂေရရှုံညီဧလျေဇာ၊ ဧလျေဇာသား ရေဟဗိ၊ သူ၏သား ယေရှာယ၊ သူ၏သား ယောရံ၊ သူ၏သား ဇိခရိ၊ သူ၏သား ရှေလောမိတ်တည်း။ |
မောရှေ၏မြေး၊ ဂေရရှုံ၏သား ရှေဗွေလသည် ဘဏ္ဍာတိုက်ကို ကြီးကြပ်အုပ်ချုပ်သူ ဖြစ်၏။
ရှေလောမုတ်နှင့် သူ့ညီအစ်ကိုတို့သည် ဒါဝိဒ်မင်းကြီးနှင့် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သော ထောင်တပ်မှူး၊ ရာတပ်မှူးများ၊ စစ်ဗိုလ်ချုပ်များ ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာဘဏ္ဍာတိုက်အလုံးစုံကို စောင့်ကြပ်ရ၏။
နောက်သားတစ်ယောက်၏အမည်မှာ “ငါ့အဖ၏ဘုရားသခင်သည် ငါ့ကိုကူညီမစသောအရှင်ဖြစ်၍ ငါ့ကို ဖာရောမင်းကြီး၏ဓားဘေးမှ ကယ်နုတ်တော်မူပြီ”ဟု ဆိုလျက် ဧလျေဇာ ဟုမှည့်ခေါ်ထား၏။