၁ ရာချုပ် 26:22 - မြန်မာ့စံမီသမ္မာကျမ်း ယေဟေလိ၏သားများမှာ ဇေသံနှင့် သူ့ညီယောလ ဖြစ်၏။ သူတို့သည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်ကို စောင့်ကြပ်ကြရ၏။ Common Language Bible လာဒန်၏အခြားသားများဖြစ်ကြသော ဇေသံနှင့်ယောလတို့သည် ဗိမာန်တော်ဘဏ္ဍာ တိုက်နှင့်ကုန်လှောင်ရုံများကိုတာဝန်ယူ၍ အုပ်ချုပ်ရလေသည်။ Judson Bible သူ၏သား ဇေသံ၊ ယောလတို့သည်လည်း ဘုရားသခင်၏အိမ်တော်ဘဏ္ဍာကို အုပ်ရ၏။ |
လေဝိအမျိုးတွင် အဟိယသည် ဘုရားသခင်၏ဘဏ္ဍာတိုက်နှင့် ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာဘဏ္ဍာတိုက်တို့ကို စောင့်ကြပ်ရ၏။
ဂေရရှုန်၏သားမြေးဖြစ်သော လာဒန်၏သားမြေးတို့တွင် ဂေရရှုန်အမျိုးလာဒန်မှဆင်းသက်သော လာဒန်၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးမှာ ယေဟေလိဖြစ်၏။
အာမရံအမျိုး၊ ဣဇဟာအမျိုး၊ ဟေဗြုန်အမျိုး၊ ဩဇေလအမျိုး အချို့တို့လည်း ပါကြ၏။
ကျောက်မျက်ရတနာရှိသူများက ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်ကို တာဝန်ယူရသူ ဂေရရှုန်အမျိုး ယေဟေလလက်သို့ ပေးအပ်ကြ၏။
လေဝိအမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ကိုလက်ခံသောအခါ အာရုန်အမျိုးအနွယ်ယဇ်ပုရောဟိတ်သည် လေဝိအမျိုးတို့နှင့်အတူရှိရမည်။ လေဝိအမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ထဲမှ ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်၏အိမ်တော် သိုလှောင်တိုက်အခန်းများထဲသို့ ယူဆောင်လာရမည်။