ဩဗဒေဒုံနှင့်သူ၏ဆွေမျိုးသားချင်းခြောက်ဆယ့်ရှစ်ယောက်လည်း ပါ၏။ ယေဒုသုန်၏သား ဩဗဒေဒုံနှင့် ဟောသတို့ကို တံခါးစောင့်အဖြစ် ချထား၏။
၁ ရာချုပ် 26:10 - မြန်မာ့စံမီသမ္မာကျမ်း မေရာရိ၏သားမြေးများတွင် ဟောသ၏သားရှိမရိသည် သားဦးမဟုတ်သော်လည်း သူ့ဖခင်သည် သူ့ကို သားဦးအရာ၌ ထား၏။ Common Language Bible မေရာရိ၏အိမ်ထောင်စု၌ ဟောသဆိုသူတစ် ဦးရှိ၏။ သူ့မှာရှိမရိ၊ ဟိလခိ၊ တေဗလိ၊ ဇာခရိဟူ၍သားလေးယောက်ရှိ၏။ (ထိုသူ တို့အနက်ရှိမရိသည်သားဦးမဟုတ်သော် လည်းသူ၏ဖခင်ကခန့်ထားသဖြင့်ခေါင်း ဆောင်ဖြစ်လေ၏။) ဟောသ၏အိမ်ထောင်စုမှ ဗိမာန်တော်တပ်သားစုစုပေါင်းတစ်ဆယ့် သုံးယောက်ရသတည်း။ Garrad Bible မေ ရာ ရိ အ နွယ် ဟော သ၏ သား တို့ တွင် ရှိ မ ရိ သည် သား ဦး မ ဟုတ် သော် လည်း အ ဘ လွှဲ အပ် သော ကြောင့် အ အုပ် အ ချုပ် ဖြစ် သ တည်း။ Judson Bible မေရာရိအမျိုး၊ ဟောသ၏သားတို့တွင် ရှိမရိသည် သားဦးမဟုတ်သော်လည်း၊ အဘခန့်ထားသောကြောင့် သားအကြီးဖြစ်သတည်း။ |
ဩဗဒေဒုံနှင့်သူ၏ဆွေမျိုးသားချင်းခြောက်ဆယ့်ရှစ်ယောက်လည်း ပါ၏။ ယေဒုသုန်၏သား ဩဗဒေဒုံနှင့် ဟောသတို့ကို တံခါးစောင့်အဖြစ် ချထား၏။
ဒုတိယသားမှာ ဟိလခိ၊ တတိယသားမှာ တေဗလိ၊ စတုတ္ထသားမှာ ဇာခရိ တို့ဖြစ်၏။ ဟောသ၌ သားများနှင့်ညီအစ်ကိုပေါင်း တစ်ဆယ့်သုံးယောက် ရှိ၏။
မေရှလေမိ၌ ရဲစွမ်းသတ္တိထက်မြက်သော သားများနှင့်ညီအစ်ကိုပေါင်း တစ်ဆယ့်ရှစ်ယောက် ရှိ၏။