ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ နှဲ၊ လင်းကွင်း စသည့်ထင်းရှူးသားဖြင့်ပြုလုပ်ထားသောတူရိယာအမျိုးမျိုးတို့ကို တီးမှုတ်လျက် ထာဝရဘုရားရှေ့တော်တွင် ပျော်မြူးကြ၏။
၁ ရာချုပ် 25:6 - မြန်မာ့စံမီသမ္မာကျမ်း ဤသူအားလုံးတို့သည် ဖခင်လက်အောက်တွင်နေ၍ ထာဝရဘုရား၏အိမ်တော်၌ လင်းကွင်း၊ စောင်းပြား၊ စောင်းကောက်များဖြင့် သီဆိုတီးမှုတ်ရသောသူများဖြစ်၏။ အာသပ်၊ ယေဒုသုန်၊ ဟေမန်တို့သည် ရှင်ဘုရင်၏လက်အောက်တွင် ဘုရားသခင်၏အိမ်တော်အမှုကိုထမ်းဆောင်ရ၏။ Common Language Bible သူတို့အားလုံးပင်ဖခင်စီစဉ်ညွှန်ကြားမှုအရ၊ လင်းကွင်းနှင့်စောင်းများကိုဗိမာန်တော်ဝတ်ပြု ကိုးကွယ်မှုနှင့်တွဲဖက်၍တီးကြ၏။ အာသပ်၊ ယေဒုသုန်နှင့်ဟေမန်တို့သည်ဘုရင်၏ အမိန့်တော်ခံများဖြစ်ကြ၏။ Garrad Bible အ ဘ လက် အောက် တွင် ခွက် ကွင်း၊ တ ယော၊ စောင်း များ နှင့် သီ ဆို လျက် ထာ ဝ ရ ဘု ရား သ ခင့် ဗိ မာန် တော် ၌ ထော မ နာ မှု ကို ပြု ရ ကြ၏။ အာ သပ်၊ ယေ ဒု သုန် ဟေ မန် တို့ မှာ ဘု ရင် မင်း၏ သြ ဝါ ဒ ခံ များ တည်း။ Judson Bible ထိုသားအပေါင်းတို့သည် အာသပ်၊ ယေဒုသုန်၊ ဟေမန်တို့ကို ရှင်ဘုရင်စီရင်သည်အတိုင်း အဘဟေမန်၌ တပည့်ဖြစ်၍၊ ထာဝရအရှင် ဘုရားသခင်၏ အိမ်တော်၌ ခွက်ကွင်း၊ စောင်း၊ တယောကိုတီးလျက်၊ သီချင်းဆို၍ အမှုတော်ကို ဆောင်ရွက်ရကြ၏။ |
ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ နှဲ၊ လင်းကွင်း စသည့်ထင်းရှူးသားဖြင့်ပြုလုပ်ထားသောတူရိယာအမျိုးမျိုးတို့ကို တီးမှုတ်လျက် ထာဝရဘုရားရှေ့တော်တွင် ပျော်မြူးကြ၏။
ရှင်ဘုရင်သည် စန္ဒကူးသစ်သားများဖြင့် ထာဝရဘုရား၏အိမ်တော်လက်ရန်းနှင့် ဘုရင့်နန်းတော်လက်ရန်း၊ သီချင်းသည်တို့အတွက် စောင်းကောက်စောင်းပြားများကို ပြုလုပ်၏။ ထိုမျှလောက်များပြားလှသောစန္ဒကူးသစ်သားတို့သည် ယနေ့တိုင်အောင် ထပ်၍မရောက်လာ၊ ၎င်းတို့ကို ထပ်၍လည်းမတွေ့ရတော့ပေ။
ဒါဝိဒ်မင်းကြီးက လေဝိအမျိုးအကြီးအကဲတို့အား စောင်းပြား၊ စောင်းကောက်၊ လင်းကွင်းစသောတူရိယာတို့ဖြင့် အားရဝမ်းမြောက်စွာသီဆိုနိုင်သော သူတို့၏ဆွေမျိုးသားချင်းတို့ကို သီချင်းသည်အဖြစ် ခွဲခန့်ထားရန် အမိန့်ပေးထား၏။
လေဝိအမျိုးအကြီးအကဲခေနနိသည် သီချင်းအရာ၌ကျွမ်းကျင်သောကြောင့် သူသည် သီဆိုခြင်းအမှုကို တာဝန်ယူရ၏။
တံခါးကိုစောင့်ကြပ်ရသူ အယောက်လေးထောင်၊ ချီးမွမ်းသီဆိုဖို့ ဒါဝိဒ်မင်းကြီး ပြုလုပ်ထားသောတူရိယာများဖြင့် ထာဝရဘုရားကို ချီးမွမ်းသီဆိုရသူ အယောက်လေးထောင် ဟူ၍ခွဲထား၏။
သူတို့သည် စောင်းပြားများ၊ စောင်းကောက်များ၊ တံပိုးခရာများ တီးမှုတ်ကြလျက် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့ သွားကြလေ၏။
ရှင်ဘုရင်သည် အဝင်ဝတိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများလည်း ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာတူရိယာမှုတ်လျက် သီချင်းများချီးမွမ်းသီဆိုနေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။
ဧလိဇာဖန်သားမြေးတို့မှ ရှိမရိနှင့်ယေယေလ၊ အာသပ်သားမြေးမှ ဇာခရိနှင့်မတ္တနိ၊
ဒါဝိဒ်မင်းကြီးနှင့်တကွ မင်းကြီး၏ဗျာဒိတ်ဆရာဂဒ်နှင့် ပရောဖက်နာသန်တို့ ညွှန်ကြားထားနှင့်သည့်အတိုင်း ဟေဇကိမင်းကြီးသည် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက် တီးမှုတ်တတ်သောလေဝိအမျိုးတို့ကို ထာဝရဘုရား၏အိမ်တော်တွင် နေရာချထား၏။ ထိုသို့ ထာဝရဘုရားသည် ပရောဖက်တို့မှတစ်ဆင့် မိန့်မှာထားတော်မူ၏။
အာသပ်၏မြစ်၊ ဇာဗဒိ၏မြေး၊ မိက္ခာ၏သားဖြစ်သည့် ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဆုတောင်းခြင်းတို့၌ ပထမခေါင်းဆောင် မတ္တနိနှင့် ညီအစ်ကိုများတွင် လက်ထောက်ဖြစ်သည့် ဗာကဗုကိအပါအဝင် ယေဒုသုန်၏မြစ်၊ ဂလာလ၏မြေး၊ ရှမွာ၏သား အာဗဒနှင့်
ဘုရားသခင်၏လူဒါဝိဒ် စီရင်ချမှတ်ထားသည့်အတိုင်း လေဝိအကြီးအမှူးများဖြစ်သော ဟာရှဘိ၊ ရှေရဘိနှင့် ကပ်မျေလ၏သား ယေရွှာတို့သည် ညီအစ်ကိုများနှင့်မျက်နှာချင်းဆိုင်ရပ်လျက် ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်းကို တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် သီဆိုကြ၏။
အကြောင်းမူကား ရှေးယခင် ဒါဝိဒ်မင်းကြီးနှင့်အာသပ်လက်ထက်ကပင် ဘုရားသခင်ထံ ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်းသီဆိုသော သီချင်းသည်များကို ဦးဆောင်ပေးသောသူများရှိခဲ့၏။
ရှေ့၌ကား သီချင်းဆိုသောသူများ၊ နောက်၌ကား စောင်းတီးသောသူများ၊ အလယ်၌ကား ပတ်သာတီးသောမိန်းမပျိုများသည် လိုက်ပါကြပါ၏။
ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို အချင်းချင်းမြွက်ဆိုလျက် သခင်ဘုရားထံသို့ သင်တို့၏စိတ်နှလုံးထဲမှ သီဆိုကျူးဧကြလော့။
ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။