၁ ရာချုပ် 24:3 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးသည် ဧလာဇာ၏သားမြေးများထဲမှ ဇာဒုတ်၊ ဣသမာ၏သားမြေးများထဲမှ အဟိမလက်တို့အား သူတို့ထမ်းဆောင်ရမည့်တာဝန်ကို ခွဲဝေထားပေး၏။ Common Language Bible ဒါဝိဒ်သည်အာရုန်၏သားမြေးတို့အားသူ တို့၏တာဝန်ဝတ္တရားများအလိုက် အုပ်စုများ ခွဲ၍ပေးတော်မူ၏။ ဤသို့တာဝန်ခွဲပေးရာ ၌မင်းကြီးအားဧလာဇာ၏သားမြေးဖြစ်သူ ဇာဒုတ်နှင့်ဣသမာ၏သားမြေးဖြစ်သူ အဟိမလက်တို့ကကူညီကြ၏။- Garrad Bible ဒါ ဝိဒ် မင်း သည် ဧ လာ ဇာ့ အ ဆက် ဇာ ဒုတ်၊ ဣ သ မာ့ အ ဆက် အ ဟိ မ လက် တို့ နှင့် တ ကွ အ လှည့် သင့် ခွဲ ထား ကြ ရာ၊ Judson Bible ဒါဝိဒ်သည် ဧလာဇာအမျိုးဇာဒုတ်နှင့် ဣသမာအမျိုး အဟိမလက်ကို အသီးအသီးဆောင်သင့်သည်အတိုင်း ခန့်ထားလေ၏။ |
အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်တို့ကား ယဇ်ပုရောဟိတ်များ၊ စရာယကား စာရေးတော်ကြီး၊
ထို့နောက် ရှင်ဘုရင်သည် ယောယဒ၏သားဗေနာယကို ယွာဘ၏နေရာတွင် စစ်တပ်ကို အုပ်ချုပ်စေ၏။ ယဇ်ပုရောဟိတ်ဇာဒုတ်ကိုလည်း အဗျာသာနေရာ၌ ခန့်ထားလေ၏။
ထို့ပြင် ဒါဝိဒ်မင်းကြီးသည် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်အဗျာသာ၊ လေဝိအမျိုး ဥရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကို ခေါ်ပြီး
ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် သူ၏ဆွေမျိုးသားချင်းယဇ်ပုရောဟိတ်တို့ကို ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်ရှိ ထာဝရဘုရား၏တဲတော်ရှေ့တွင် နေရာချထား၏။
အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သားအဘိမလက်တို့ကား ယဇ်ပုရောဟိတ်များ၊ စရာယကား စာရေးတော်ကြီး၊
သူတို့သည်လည်း ဆွေမျိုးသားချင်းအာရုန်၏သားမြေးများကဲ့သို့ပင် ဒါဝိဒ်မင်းကြီး၊ ဇာဒုတ်၊ အဟိမလက်နှင့် ယဇ်ပုရောဟိတ်တို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူး၊ လေဝိအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးတို့ရှေ့တွင် ညီအစ်ကိုကြီးငယ်မရွေးမဲချကြ၏။
ဧလာဇာသားမြေးတို့သည် ဣသမာသားမြေးတို့ထက် ခေါင်းဆောင်ပိုများ၏။ ခေါင်းဆောင်များကို ခွဲလိုက်သောအခါ ဧလာဇာသားမြေးတွင် ဘိုးဘေးတို့၏အိမ်ထောင်စုခေါင်းဆောင် တစ်ဆယ့်ခြောက်ယောက်ရှိပြီး ဣသမာသားမြေးတွင် ဘိုးဘေးတို့၏အိမ်ထောင်စုခေါင်းဆောင် ရှစ်ယောက်သာ ရှိ၏။
လေဝိအမျိုး နာသနေလ၏သားစာရေးတော်ရှေမာယသည် သူတို့ကို ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ အဗျာသာ၏သားအဟိမလက်၊ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများရှေ့မှောက်တွင် စာရင်းသွင်းရေးမှတ်၏။ ဧလာဇာ၏ဘိုးဘေးအိမ်ထောင်စုထဲမှ လူတစ်ဦး၊ ဣသမာ၏ဘိုးဘေးအိမ်ထောင်စုထဲမှ လူတစ်ဦးကို ရွေးကောက်ပြီးလျှင်
ခမည်းတော်ဒါဝိဒ်မင်းကြီး စီမံထားခဲ့သည့်အတိုင်း ယဇ်ပုရောဟိတ်တို့ကို အလှည့်ကျ တာဝန်ခွဲဝေပေး၏။ လေဝိအမျိုးသားတို့ကိုလည်း နေ့စဉ် ယဇ်ပုရောဟိတ်တို့ရှေ့တွင် အမှုတော်ထမ်းဆောင်ရမည့်တာဝန်နှင့် ကျေးဇူးတော်ချီးမွမ်းရမည့်တာဝန်ကို ခွဲဝေပေး၏။ တံခါးတိုင်းတွင် အလှည့်ကျတံခါးစောင့်များကိုလည်း ခန့်အပ်ထား၏။ ဤသည်မှာ ဘုရားသခင်၏လူ ဒါဝိဒ်မင်းကြီး၏အမိန့်တော်ဖြစ်၏။
ဒါဝိဒ်သည် နောဗမြို့ရှိ ယဇ်ပုရောဟိတ်အဟိမလက်ထံသို့ ရောက်လာ၏။ အဟိမလက်သည် ဒါဝိဒ်ကို မြင်လျှင် ထိတ်လန့်သွား၍ “အဘယ်ကြောင့် သင် တစ်ဦးတည်းလာရသနည်း။ သင်နှင့်အတူ မည်သူမျှမပါသလော”ဟု မေးရာ