သူတို့သည် ထာဝရဘုရား၏သေတ္တာတော်၊ တွေ့ဆုံစည်းဝေးရာတဲတော်နှင့် တဲတော်အတွင်းရှိ သန့်ရှင်းသောအသုံးအဆောင်အားလုံးကို သယ်ဆောင်လာကြ၏။ ဤအရာတို့ကို ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားများသည် သယ်ဆောင်လာကြ၏။
၁ ရာချုပ် 23:32 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၌ဆောင်ရွက်ရမည့်အမှုများ၊ သန့်ရှင်းရာဌာန၌ဆောင်ရွက်ရမည့်အမှုများ၊ အာရုန်၏သားမြေးနှင့် သူတို့၏ဆွေမျိုးသားချင်းတို့အတွက်ဆောင်ရွက်ရမည့်အမှုများ စသည်ဖြင့် ထာဝရဘုရား၏အိမ်တော်အမှုကို လိုက်နာဆောင်ရွက်ကြရ၏။ Common Language Bible သူတို့သည်ထာဝရဘုရားကိန်းဝပ်တော်မူ ရာတဲတော်နှင့် ဗိမာန်တော်ကိုကြည့်ရှုစောင့် ရှောက်ကြရန်လည်းကောင်း၊ မိမိတို့၏ဆွေမျိုး များဖြစ်သောအာရုန်၏သားမြေးယဇ်ပုရော ဟိတ်တို့အား ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ် မှု၌ကူညီကြရန်လည်းကောင်းတာဝန်ယူရ ကြ၏။ Garrad Bible ထာ ဝ ရ ဘု ရား ဗိ မာန် တော် ဝတ် ကို ပြု လျက် တွေ့ ဆုံ ရာ တဲ တော်၊ သန့် ရှင်း ရာ ဌာ န တော် နှင့် ဆွေ မျိုး သား ချင်း ဖြစ် သော အာ ရုန်၏ သား စဉ် မြေး ဆက် တို့ ဝေ ယျာ ဝ စ္စ ကို ဆောင် ရွက် ခြင်း တာ ဝန် များ ရှိ ကြ သ တည်း။ Judson Bible ပရိသတ်စည်းဝေရာ တဲတော်ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနတော်ကိုလည်းကောင်း၊ ထာဝရဘုရားအိမ်တော်၌ အမှုတော်ကို ဆောင်ရွက်သော ညီအစ်ကိုအာရုန်သားတို့ကိုလည်းကောင်း စောင့်ရကြမည်။ |
သူတို့သည် ထာဝရဘုရား၏သေတ္တာတော်၊ တွေ့ဆုံစည်းဝေးရာတဲတော်နှင့် တဲတော်အတွင်းရှိ သန့်ရှင်းသောအသုံးအဆောင်အားလုံးကို သယ်ဆောင်လာကြ၏။ ဤအရာတို့ကို ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားများသည် သယ်ဆောင်လာကြ၏။
သူတို့သည် အစောင့်တာဝန်များကိုသာမက နံနက်တိုင်း တံခါးသော့ဖွင့်ပေးရသောတာဝန်ကိုပါ ယူရသဖြင့် ဘုရားသခင်၏အိမ်တော်ဝန်းကျင်တွင်ပင် ညအိပ်ရ၏။
တစ်ဖန် အိမ်တော်ကိုထိန်းသိမ်းဖို့၊ အိမ်တော်အမှုကို ထမ်းဆောင်ဖို့နှင့် အိမ်တော်နှင့်ပတ်သက်၍ လုပ်ဆောင်စရာအမှုအလုံးစုံတို့ကို လုပ်ဆောင်ဖို့ သူတို့ကို ငါပြန်ခန့်ထားမည်’ဟု မိန့်တော်မူ၏။
လေဝိအမျိုးတို့မူကား အစ္စရေးအမျိုးသားလူထုပေါ်သို့ အမျက်တော်မသက်ရောက်စေရန် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်၏ပတ်ပတ်လည်၌ စခန်းချရမည်။ လေဝိအမျိုးသည် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်ကို စောင့်ရှောက်ရမည်”ဟု မိန့်တော်မူ၏။
သင်တို့သာလျှင် သန့်ရှင်းရာဌာန၏အမှုကိစ္စ၊ ယဇ်ပလ္လင်၏အမှုကိစ္စတို့ကို ဆောင်ရွက်ရမည်။ သို့မှ နောက်တစ်ဖန် အစ္စရေးအမျိုးသားတို့အပေါ်သို့ အမျက်တော်မသက်ရောက်ဘဲနေလိမ့်မည်။
ကိန်းဝပ်တော်မူရာတဲတော်၏အရှေ့ဘက်ဖြစ်သော တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့ နေထွက်ရာအရပ်၌ စခန်းချရမည့်သူများမှာ မောရှေမှစ၍ အာရုန်နှင့်သူ၏သားတို့ ဖြစ်ကြ၏။ သူတို့သည် အစ္စရေးအမျိုးသားတို့ကိုယ်စား သန့်ရှင်းရာဌာန၏အမှုကိစ္စကိုဆောင်ရွက်သောသူများ ဖြစ်ကြ၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်။
တွေ့ဆုံစည်းဝေးရာတဲတော်ရှိမိမိညီအစ်ကိုတို့၏တာဝန်ကို ကူညီစောင့်ထိန်းပေးနိုင်သော်လည်း ကိုယ်တိုင်လုပ်စရာမလိုပေ။ ထိုသို့ လေဝိအမျိုးတို့အား သူတို့နှင့်ဆိုင်သောတာဝန်တို့ကို သင်စီရင်ပေးရမည်”ဟု မိန့်တော်မူ၏။
ထိုနေရာရှိ ထာဝရဘုရားရှေ့တော်၌အမှုဆောင်သော သူ၏အမျိုးသားချင်းလေဝိအမျိုးအပေါင်းတို့နှင့်အတူ သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်၌ အမှုတော်ဆောင်မည်ဆိုလျှင်