တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
၁ ရာချုပ် 22:4 - မြန်မာ့စံမီသမ္မာကျမ်း ဆီဒုန်မြို့သား၊ တိုင်ရာမြို့သားတို့သည်လည်း ဒါဝိဒ်မင်းကြီးထံ သစ်ကတိုးသား အမြောက်အမြားယူဆောင်လာပေးသဖြင့် သစ်ကတိုးသားများမှာ မရေမတွက်နိုင်အောင် များပြားလှ၏။ Common Language Bible တုရုနှင့်ဇိဒုန်မြို့များမှလူတို့အား အာရဇ် သစ်အမြောက်အများကိုလည်းအထံတော် သို့ယူဆောင်လာစေတော်မူ၏။- Garrad Bible ဒါ ဝိဒ် မင်း ထံ ဇိ ဒုန် နှင့် တု ရု လူ မျိုး တို့ ဆက် သ ကြ သည် နှင့် အ ညီ မ ရေ မ တွက် နိုင် သော သစ် က တိုး သစ် အ မြောက် အ မြား ကို လည်း ကောင်း အ သင့် ထား လေ ၏။ Judson Bible များစွာသော အာရဇ်သစ်သားကိုလည်းကောင်း၊ ပြင်ဆင်တော်မူ၏။ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့သည်၊ အာရဇ်သစ်သားအများကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ |
တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
ထို့ပြင် ရှောလမုန်မင်းကြီးသည် တိုင်ရာဘုရင်ဟုရံမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ “အကျွန်ုပ်၏ခမည်းတော် ဒါဝိဒ်မင်းကြီးအား သူစံမြန်းရာနန်းတော်ကိုဆောက်လုပ်ရန်အတွက် သစ်ကတိုးသားများကို အရှင်မင်းကြီးပို့ပေးခဲ့သည့်နည်းတူ အကျွန်ုပ်ထံသို့လည်း ပို့ပေးပါလော့။
ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငွေပေး၍ခိုင်းစေ၏။ ပါးရှားဘုရင် ကုရုမင်းကြီး၏ခွင့်ပြုချက်ဖြင့် ဆီဒုန်အမျိုးသား၊ တိုင်ရာအမျိုးသားတို့ကို စားနပ်ရိက္ခာနှင့်ဆီကိုပေး၍ သစ်ကတိုးသားများကို လက်ဘနွန်တောမှ ယုပ္ပေမြို့အရောက် မျှောချစေ၏။
ကျယ်ပြန့်သောချိုင့်ဝှမ်းများ၊ မြစ်နားရှိသောဥယျာဉ်များနှင့်တူပါသည်တကား။ ထာဝရဘုရားစိုက်တော်မူသောသစ်မွှေးပင်များ၊ ရေနားရှိသစ်ကတိုးပင်များနှင့်တူပါသည်တကား။