တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
၁ ရာချုပ် 22:15 - မြန်မာ့စံမီသမ္မာကျမ်း သင်၌ ကျောက်နှင့်သစ်သားများကို ဖြတ်တောက်ထုဆစ်ပေးမည့်သူ၊ လက်မှုပညာအမျိုးမျိုးတို့ကိုတတ်ကျွမ်းသူ အလုပ်သမားများစွာရှိ၏။ Common Language Bible သင့်မှာများစွာသောအလုပ်သမား များရှိ၏။ ကျောက်ဆစ်သမားများ၊ ပန်းရံ များ၊ လက်သမားများနှင့်၊- Garrad Bible သင် လည်း ထပ်၌ ပြင် ဆင် ရ မည်။ ထို မှ တစ် ပါး ပန်း တဉ်း၊ ပန်း ရန်၊ ကျောက် ဆစ် သ မား များ နှင့် ရွှေ၊ ငွေ၊ ကြေး၊ သံ အ လုပ် မှ စ သော လက် မှု ပ ညာ အ မျိုး မျိုး တတ် မြောက် သူ၊ ရေ တွက် ခြင်း ငှါ မ စွမ်း နိုင် အောင် သင်၌ မြောက် မြား များ စွာ ရှိ ၏။ ထ၍ တည် ဆောက် လော့။ ထာ ဝ ရ ဘု ရား သည် သင် နှင့် အ တူ ရှိ တော် မူ ပါ စေ သော ဟု မိန့် ဆို လေ ၏။ Judson Bible ထိုမှတစ်ပါး သင်၌များစွာသော လက်သမား၊ ပန်းရန်သမား၊ ကျောက်ဆစ်သမား၊ အမျိုးမျိုးသောအတတ်၌ လေ့ကျက်သော ဆရာသမားရှိကြ၏။ |
တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
ဟိရံသည် နဿလိအမျိုးအနွယ်၊ မုဆိုးမတစ်ဦး၏သားဖြစ်၏။ သူ့ဖခင်မှာ တိုင်ရာအမျိုးသား၊ ပန်းတဉ်းသမားဖြစ်၏။ ထို့ကြောင့် သူသည် ကြေးသွန်းလုပ်သောအတတ်ပညာအမျိုးမျိုးကို ကျွမ်းကျင်တတ်မြောက်၏။ သူသည် ရှောလမုန်မင်းကြီးထံလာပြီး ကြေးသွန်းလုပ်ငန်းအလုံးစုံကို လုပ်ဆောင်ပေး၏။
ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေတာလန်တစ်သိန်း၊ ငွေတာလန်တစ်သန်း၊ မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီ၊ သံ၊ သစ်၊ ကျောက်များကို အပင်ပန်းခံပြီး ငါပြင်ဆင်ပေးခဲ့ပြီ။ သင်သည်လည်း ထပ်ဖြည့်နိုင်၏။
ရွှေငွေ၊ ကြေးနီနှင့် သံများလည်း မရေမတွက်နိုင်အောင် အများအပြားရှိ၏။ ထ၍အိမ်တော်ကို တည်ဆောက်လော့။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိပါစေသော”ဟု မိန့်မှာခဲ့၏။
အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်လျှင် မည်သူသည် ကိုယ်တော့်အဖို့ အိမ်တော်ကို ဆောက်လုပ်နိုင်ပါမည်နည်း။ ရှေ့တော်၌ နံ့သာပေါင်းမီးရှို့ပူဇော်ရန်မှတစ်ပါး ကိုယ်တော့်အဖို့ အိမ်တော်ကို တည်ဆောက်ပေးမည့်အကြောင်း အကျွန်ုပ်ကား မည်သူဖြစ်ပါသနည်း။
ထို့ကြောင့် ရွှေထည်၊ ငွေထည်၊ ကြေးထည်၊ သံထည်တို့ကို သွန်းလုပ်တတ်သူ၊ ခရမ်းရောင်၊ ကြက်သွေးရောင်၊ အပြာရောင်ရှိသောချည်တို့ကို ရက်လုပ်တတ်သူ၊ ကမ္ပည်းစာရေးထိုးရာ၌ ကျွမ်းကျင်သူတစ်ဦးကို အကျွန်ုပ်ထံ စေလွှတ်ပေးပါ။ သူ့ကို ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ အကျွန်ုပ်၏ခမည်းတော်ပြင်ဆင်ပေးထားသော လက်မှုပညာသည်တို့နှင့်အတူ အလုပ်လုပ်စေမည်။
ဧဖုဒ်ကို ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်သောပိတ်ချောထည်ဖြင့် လက်ရာမြောက်စွာ ချုပ်လုပ်ရမည်။
ထို့ကြောင့် သူသည် ရွှေ၊ ငွေ၊ ကြေးနီသွန်းလုပ်ရာတွင်လည်း အနုပညာလက်ရာမြောက်စွာ သွန်းလုပ်နိုင်၏။
သူတို့အား ဉာဏ်ပညာနှင့်ပြည့်ဝစေတော်မူသဖြင့် သူတို့သည် လက်မှုအတတ်ပညာ၊ ပုံဖော်ဖန်တီးခြင်းအတတ်ပညာ၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့် ပိတ်ချောထည်ပေါ်တွင် ပန်းထိုးခြင်းအတတ်ပညာ၊ အထည်ရက်လုပ်ခြင်းအတတ်ပညာစသော အတတ်ပညာအမျိုးမျိုးကို တတ်ကျွမ်း၏။ သူတို့သည် လက်မှုအတတ်ပညာအမျိုးမျိုးလုပ်တတ်သောသူ၊ ပုံဖော်ဖန်တီးတတ်သောသူဖြစ်ကြ၏။