သူသည် ကြောက်ရွံ့၍ “ဤအရပ်သည် အံ့ဩဖွယ်ကောင်းလှပါသည်တကား။ ဤအရပ်ကား အခြားမဟုတ်၊ ဘုရားသခင်၏အိမ်တော်ပေတည်း။ ဤအရပ်ကား ကောင်းကင်တံခါးဝပေတည်း”ဟု ဆို၏။
၁ ရာချုပ် 22:1 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးက “ဤနေရာသည် ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို တည်ရာနေရာဖြစ်၏။ ဤနေရာသည် အစ္စရေးလူမျိုးတို့ မီးရှို့ရာယဇ်ပလ္လင်ကို တည်ရာနေရာဖြစ်၏”ဟု မိန့်ဆို၏။ Common Language Bible ထို့ကြောင့်ဒါဝိဒ်က``ဤအရပ်ကားထာဝရ အရှင်ဘုရားသခင်၏ဗိမာန်တော်တည် ဆောက်ရမည့်အရပ်ဖြစ်၏။ ဤနေရာသည် ဣသရေလပြည်သားတို့မီးရှို့ရာယဇ် ပူဇော်ရန်နေရာဖြစ်၏'' ဟုဆို၏။ Garrad Bible ဤ ဌာ န သည် ထာ ဝ ရ ဘု ရား သ ခင့် ဗိ မာန် တော်၊ ဤ တ လင်း လည်း ဣ သ ရေ လ လူ မျိုး တို့ မီး ရှို့ ပူ ဇော် ရာ ပ လ္လင် တော် ဖြစ် သည် ဟု မိန့် ဆို လေ၏။ Judson Bible သို့ဖြစ်၍၊ ဒါဝိဒ်က ဤအရပ်သည် ထာဝရအရှင် ဘုရားသခင်၏အိမ်တော်ဖြစ်၏။ ဤယဇ်ပလ္လင်သည် ဣသရေလအမျိုး၏ ယဇ်ပလ္လင်ဖြစ်၏ဟု ဆိုလျက်၊ |
သူသည် ကြောက်ရွံ့၍ “ဤအရပ်သည် အံ့ဩဖွယ်ကောင်းလှပါသည်တကား။ ဤအရပ်ကား အခြားမဟုတ်၊ ဘုရားသခင်၏အိမ်တော်ပေတည်း။ ဤအရပ်ကား ကောင်းကင်တံခါးဝပေတည်း”ဟု ဆို၏။
ထိုနေ့တွင် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသို့လာ၍ “ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနားသို့ တက်သွား၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လော့”ဟု ဆို၏။
သင်တို့က ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ငါတို့ယုံကြည်ကိုးစားသည်ဟု ဆိုလျှင်လည်း ဟေဇကိမင်းကြီးက ထိုဘုရားနှင့်ဆိုင်သော အထွတ်အမြတ်ထားရာနေရာနှင့် ယဇ်ပလ္လင်တို့ကိုပင် ဖယ်ရှားလိုက်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အား ဂျေရုဆလင်မြို့ရှိ ဤယဇ်ပလ္လင်ရှေ့၌သာ သင်တို့ကိုးကွယ်ရမည်ဟူ၍ မိန့်မှာခဲ့သည် မဟုတ်လော’ဟု မိန့်ဆို၏။
သို့သော် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရား၏ကောင်းကင်တမန်ကိုင်ထားသောဓားကို ကြောက်သောကြောင့် ထိုယဇ်ပလ္လင်သို့သွား၍ ဘုရားသခင်ထံ မမေးမြန်းဝံ့ချေ။
ထို့နောက် ရှောလမုန်မင်းကြီးသည် ဂျေရုဆလင်မြို့ရှိ မောရိတောင်ပေါ်၊ ခမည်းတော်ဒါဝိဒ်မင်းကြီးထံ ထာဝရဘုရားထင်ရှားတော်မူရာနေရာတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။ ထိုနေရာသည် ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းတွင် အိမ်တော်တည်ဆောက်ဖို့ ဒါဝိဒ်မင်းကြီးပြင်ဆင်ထားသောနေရာဖြစ်၏။
အထွတ်အမြတ်ထားရာနေရာများ၊ ယဇ်ပလ္လင်များကို ဖယ်ရှားပစ်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အား ယဇ်ပလ္လင်တစ်ခုတည်းတွင်သာ ယဇ်ပူဇော်ရမည်၊ ထိုယဇ်ပလ္လင်ရှေ့တွင်သာ ဝတ်ပြုရမည်ဟု ပြောခဲ့သည်မှာ ထိုဟေဇကိမင်းကြီးပင် မဟုတ်လော။
ထို့ကြောင့် ကိုယ်တော်သည် ရှိလောအရပ်ရှိ ကိန်းဝပ်တော်မူရာတဲတော်ဖြစ်သည့် လူတို့အလယ်၌ တည်ဆောက်ထားတော်မူသောတဲတော်ကို ပစ်ပယ်တော်မူ၏။
ငါးတာလန်ရသောသူသည် ချက်ချင်းသွား၍ ထိုငွေများဖြင့်ကုန်သွယ်လျက် နောက်ထပ် ငါးတာလန်အမြတ်ရလေ၏။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
မျိုးနွယ်တစ်နွယ်ထဲရှိ ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ မီးရှို့ရာယဇ်ကို ပူဇော်ရမည်။ ထိုနေရာ၌ ငါမှာကြားထားသမျှကို သင်ပြုရမည်။