ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
၁ ရာချုပ် 21:6 - မြန်မာ့စံမီသမ္မာကျမ်း ယွာဘသည် ရှင်ဘုရင်၏အမိန့်တော်ကို မနှစ်သက်သဖြင့် လေဝိအမျိုးနှင့်ဗင်္ယာမိန်အမျိုးကို ထည့်၍စာရင်းမကောက်ချေ။ Common Language Bible ယွာဘသည်ဘုရင်၏အမိန့်ကိုမနှစ်သက် သဖြင့် လေဝိနှင့်ဗင်္ယာမိန်အနွယ်တို့တွင် သန်းခေါင်စာရင်းမကောက်ယူခဲ့ပေ။ Garrad Bible ယွာ ဘ သည် အ မိန့် တော် ကို ရွံ ရှာ သည် ဖြစ်၍ လေ ဝိ နှင့် ဗင်္ယာ မိန့် အ နွယ် စာ ရင်း ကို မ ထည့် မ သွင်း ချေ။ Judson Bible သို့ရာတွင် ယွာဘသည် အမိန့်တော်ကိုရွံ့သောကြောင့်၊ လေဝိအမျိုးနှင့် ဗင်္ယာမိန်အမျိုးကို အခြားသောအမျိုးထဲသို့ သွင်း၍ မရေတွက်။ |
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
ဤအမှုသည် ဘုရားသခင်ရှေ့တွင် ဆိုးညစ်သောအမှုဖြစ်သောကြောင့် အစ္စရေးလူမျိုးကို ဒဏ်ခတ်တော်မူရာ
ဇေရုယာ၏သားယွာဘသည် လူဦးရေစာရင်းကို စတင်ရေတွက်သော်လည်း ပြီးဆုံးသည်အထိ မရေတွက်ချေ။ ထိုသို့စာရင်းရေတွက်ခြင်းကြောင့် အစ္စရေးလူမျိုးအပေါ် အမျက်တော် ကျရောက်ခဲ့ရ၏။ ထိုအရေအတွက်တို့ကို ဒါဝိဒ်မင်းကြီး၏ရာဇဝင်မှတ်တမ်းစာရင်းတွင် မရေးသွင်းခဲ့ချေ။