ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် သူ၏ဆွေမျိုးသားချင်းယဇ်ပုရောဟိတ်တို့ကို ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်ရှိ ထာဝရဘုရား၏တဲတော်ရှေ့တွင် နေရာချထား၏။
၁ ရာချုပ် 21:29 - မြန်မာ့စံမီသမ္မာကျမ်း ထိုစဉ်က တောကန္တာရတွင် မောရှေဆောက်လုပ်ခဲ့သော ထာဝရဘုရား၏တဲတော်နှင့်မီးရှို့ရာယဇ်ပလ္လင်တို့သည် ဂိဗောင်မြို့ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တွင် ရှိနေ၏။ Common Language Bible ထိုအချိန်ကာလ၌တောကန္တာရတွင် မောရှေတည်ဆောက်ခဲ့သောထာဝရဘုရား ၏တဲတော်နှင့် ယဇ်များပူဇော်ရာယဇ်ပလ္လင် သည်ဂိဗောင်မြို့ကိုးကွယ်ရာဌာန၌တည် ရှိလျက်နေသေး၏။- Judson Bible တော၌ မောရှေလုပ်ခဲ့သော ထာဝရဘုရား၏တဲတော်နှင့် မီးရှို့ရာယဇ်ပလ္လင်သည်၊ ထိုကာလ၌ ဂိဗောင်မြို့၌ မြင့်သောအရပ်ပေါ်မှာ ရှိ၏။ |
ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် သူ၏ဆွေမျိုးသားချင်းယဇ်ပုရောဟိတ်တို့ကို ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်ရှိ ထာဝရဘုရား၏တဲတော်ရှေ့တွင် နေရာချထား၏။
ထိုအချိန်၌ ယေဗုသိလူမျိုး ဩရနန်၏ကောက်နယ်တလင်းတွင် ထာဝရဘုရားထူးတော်မူသည်ကို ဒါဝိဒ်မင်းကြီး သိမြင်သောအခါ ထိုနေရာ၌ပင် ယဇ်ပူဇော်လေ၏။
သို့သော် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရား၏ကောင်းကင်တမန်ကိုင်ထားသောဓားကို ကြောက်သောကြောင့် ထိုယဇ်ပလ္လင်သို့သွား၍ ဘုရားသခင်ထံ မမေးမြန်းဝံ့ချေ။
ထို့နောက် ရှောလမုန်မင်းကြီးသည် တွေ့ဆုံစည်းဝေးရာတဲတော်ရှိရာ ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်မှ ဂျေရုဆလင်မြို့သို့ ပြန်လာ၏။ ထို့နောက် အစ္စရေးလူမျိုးကို အုပ်ချုပ်လေ၏။
ရှောလမုန်မင်းကြီးသည် တောကန္တာရတွင် ထာဝရဘုရား၏အစေအပါးမောရှေပြုလုပ်ခဲ့သော ဘုရားသခင်၏တွေ့ဆုံစည်းဝေးရာတဲတော်ရှိရာ ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်သို့ လူထုကြီးနှင့်အတူသွား၏။