သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
၁ ရာချုပ် 21:28 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်၌ ယေဗုသိလူမျိုး ဩရနန်၏ကောက်နယ်တလင်းတွင် ထာဝရဘုရားထူးတော်မူသည်ကို ဒါဝိဒ်မင်းကြီး သိမြင်သောအခါ ထိုနေရာ၌ပင် ယဇ်ပူဇော်လေ၏။ Common Language Bible ဤအချင်းအရာကိုဒါဝိဒ်မင်းမြင်သော် မိမိ၏ဆုတောင်းပတ္ထနာကို ထာဝရဘုရား နားညောင်းတော်မူပြီဖြစ်ကြောင်းသိလေ၏။ သို့ဖြစ်၍သူသည်အရောန၏ကောက်နယ် တလင်းရှိယဇ်ပလ္လင်ပေါ်တွင်ယဇ်များကို ပူဇော်ခြင်းဖြစ်သတည်း။- Garrad Bible ထို ကာ လ တော ၌ မော ရှေ လုပ် ခဲ့ သော ထာ ဝ ရ ဘု ရား၏ စံ ရာ တော် နှင့် မီး ရှို့ ပူ ဇော် ရာ ပ လ္လင် တော် သည် ဂိ ဗောင် မြို့၊ မြင့် ရာ ဌာ န တွင် တည် ရှိ သည် နှင့် အ ညီ ထို စံ ရာ တော် သို့ ထာ ဝ ရ ဘု ရား ထံ မေး လျှောက် ရန် စေတ မန် တော့် ဓား ဘေး အ တွက် ဒါ ဝိဒ် မင်း မ သွား ဝံ့ သော ကြောင့် ယေ ဗု သိ လူ မျိုး သြ ရ နန်၏ ကောက် နယ် တလင်း တွင် ထာ ဝ ရ ဘု ရား တုံ့ ပြန် တော် မူ ကြောင်း သိ မြင် လျှင် ၎င်း တ လင်း မှာ ဆက် ကပ် ပူ ဇော် ၍၊ Judson Bible ထာဝရဘုရားသည် ယေဗုသိလူအရောန၏ကောက်နယ်တလင်း၌ ထူးတော်မူသည်ကို ဒါဝိဒ်သိမြင်လျှင်၊ ထိုအရပ်၌ ယဇ်ပူဇော်ခြင်းအမှုကို ပြုလေ၏။ |
သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
ထိုအခါ ထာဝရဘုရားက ကောင်းကင်တမန်အား အမိန့်ပေးသဖြင့် သူသည် ဓားကိုဓားအိမ်ထဲသို့ ပြန်သွင်းလေ၏။
ထိုစဉ်က တောကန္တာရတွင် မောရှေဆောက်လုပ်ခဲ့သော ထာဝရဘုရား၏တဲတော်နှင့်မီးရှို့ရာယဇ်ပလ္လင်တို့သည် ဂိဗောင်မြို့ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တွင် ရှိနေ၏။