၁ ရာချုပ် 21:27 - မြန်မာ့စံမီသမ္မာကျမ်း27 ထိုအခါ ထာဝရဘုရားက ကောင်းကင်တမန်အား အမိန့်ပေးသဖြင့် သူသည် ဓားကိုဓားအိမ်ထဲသို့ ပြန်သွင်းလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 ထာဝရဘုရားသည်ကောင်းကင်တမန်အား မိမိ၏ဋ္ဌားကိုဖယ်ရှားလိုက်ရန်အမိန့်ပေး တော်မူသည်အတိုင်း ကောင်းကင်တမန်သည် လည်းဖယ်ရှားလိုက်၏။- အခန်းကိုကြည့်ပါ။Garrad Bible27 ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း စေ တ မန် တော် သည် ဓား အိမ် ၌ ဓား ကို ပြန် သွင်း လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ကောင်းကင်တမန်သည် မိမိဓားကို ဓားအိမ်၌သွင်းထားပြန်၏။ အခန်းကိုကြည့်ပါ။ |
ငတ်မွတ်ခေါင်းပါးခြင်းဘေး သုံးနှစ်ဖြစ်စေရမည်လော။ သို့မဟုတ် ရန်သူ၏ဓားသည် အရှင်မင်းကြီးကိုလိုက်မီသဖြင့် ရန်သူ့ရှေ့၌ သုံးလပတ်လုံး ဓားဘေးနှင့်ရင်ဆိုင်မည်လော။ သို့မဟုတ် ထာဝရဘုရား၏ဓားတော်သည်ဤပြည်၌ ကပ်ရောဂါဘေးသက်ရောက်စေ၍ ထာဝရဘုရား၏ကောင်းကင်တမန်သည် အစ္စရေးပြည်အနှံ့ သုံးရက်ပတ်လုံးဖျက်ဆီးသောဘေး ဖြစ်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်သောအရှင်အား မည်သည့်အဖြေပြန်ပေးရမည်ကို ယခု စဉ်းစားဆုံးဖြတ်ပါလော့”ဟု လျှောက်တင်လေ၏။
ကောင်းကင်တမန်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် လက်ကိုဆန့်တော်မူလျှင် ထာဝရဘုရားသည် ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် လူတို့ကိုဖျက်ဆီးသည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနား၌ ရှိနေ၏။