ထိုအခါ ထာဝရဘုရားက ကောင်းကင်တမန်အား အမိန့်ပေးသဖြင့် သူသည် ဓားကိုဓားအိမ်ထဲသို့ ပြန်သွင်းလေ၏။
ထာဝရဘုရားသည်ကောင်းကင်တမန်အား မိမိ၏ဋ္ဌားကိုဖယ်ရှားလိုက်ရန်အမိန့်ပေး တော်မူသည်အတိုင်း ကောင်းကင်တမန်သည် လည်းဖယ်ရှားလိုက်၏။-
ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း စေ တ မန် တော် သည် ဓား အိမ် ၌ ဓား ကို ပြန် သွင်း လေ ၏။
ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ကောင်းကင်တမန်သည် မိမိဓားကို ဓားအိမ်၌သွင်းထားပြန်၏။
ကောင်းကင်တမန်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် လက်ကိုဆန့်တော်မူလျှင် ထာဝရဘုရားသည် ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် လူတို့ကိုဖျက်ဆီးသည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနား၌ ရှိနေ၏။
ငတ်မွတ်ခေါင်းပါးခြင်းဘေး သုံးနှစ်ဖြစ်စေရမည်လော။ သို့မဟုတ် ရန်သူ၏ဓားသည် အရှင်မင်းကြီးကိုလိုက်မီသဖြင့် ရန်သူ့ရှေ့၌ သုံးလပတ်လုံး ဓားဘေးနှင့်ရင်ဆိုင်မည်လော။ သို့မဟုတ် ထာဝရဘုရား၏ဓားတော်သည်ဤပြည်၌ ကပ်ရောဂါဘေးသက်ရောက်စေ၍ ထာဝရဘုရား၏ကောင်းကင်တမန်သည် အစ္စရေးပြည်အနှံ့ သုံးရက်ပတ်လုံးဖျက်ဆီးသောဘေး ဖြစ်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်သောအရှင်အား မည်သည့်အဖြေပြန်ပေးရမည်ကို ယခု စဉ်းစားဆုံးဖြတ်ပါလော့”ဟု လျှောက်တင်လေ၏။
ဩရနန်သည် လှည့်ကြည့်၍ ကောင်းကင်တမန်ကိုမြင်၏။ ထိုအခါ သူနှင့်အတူရှိနေသော သားလေးယောက်သည် ပုန်းနေကြ၏။ သြရနန်မူကား ဂျုံစပါးကိုနင်းနယ်လျက်နေ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်ပြီး ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ကိုယ်တော်သည် ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်အပေါ်သို့ ကောင်းကင်မှမီးကျလာစေခြင်းဖြင့် ထူးတော်မူ၏။
ထိုအချိန်၌ ယေဗုသိလူမျိုး ဩရနန်၏ကောက်နယ်တလင်းတွင် ထာဝရဘုရားထူးတော်မူသည်ကို ဒါဝိဒ်မင်းကြီး သိမြင်သောအခါ ထိုနေရာ၌ပင် ယဇ်ပူဇော်လေ၏။
ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်၍ အမိန့်တော်သံကိုနာခံကြသည့် တန်ခိုးခွန်အားကြီးသော ကိုယ်တော်၏ကောင်းကင်တမန်တို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။
အို ထာဝရဘုရား၏ဓားတော်၊ မည်မျှကြာအောင်အငြိမ်မနေဘဲ တိုက်ခိုက်နေဦးမည်နည်း။ ဓားအိမ်သို့ပြန်ဝင်ပါတော့။ ရပ်ပါတော့။ ငြိမ်ငြိမ်နေပါတော့။
ဓားကို ဓားအိမ်သို့ ပြန်သွင်းလော့။ စင်စစ် သင်မွေးဖွားရာသင့်ဇာတိမြေတွင်ပင် သင့်ကို ငါစီရင်မည်။
ယေရှုကလည်း ထိုသူအား“သင်၏ဓားကို သူ့နေရာ၌ပြန်ထားလော့။ အကြောင်းမူကား ဓားကိုင်သောသူအားလုံးတို့သည် ဓားဖြင့်ပျက်စီးရလိမ့်မည်။
ယေရှုကလည်း“ဓားကို ဓားအိမ်ထဲသို့ပြန်သွင်းလော့။ ငါ့အား ခမည်းတော်ပေးတော်မူသောခွက်ကို ငါမသောက်ဘဲနေရမည်လော”ဟု ပေတရုအား မိန့်တော်မူ၏။
ကောင်းကင်တမန်အားလုံးတို့သည် ကယ်တင်ခြင်းကိုအမွေဆက်ခံမည့်သူများ၏အမှုကိုဆောင်ရွက်ရန် စေလွှတ်ခြင်းခံရသည့် အစေခံဝိညာဉ်များဖြစ်ကြသည်မဟုတ်လော။