ထို့ကြောင့် ထာဝရဘုရားသည် ထိုနေ့နံနက်အချိန်မှစ၍ သတ်မှတ်ထားသောအချိန်ထိ အစ္စရေးလူမျိုးတို့ထဲသို့ ကပ်ရောဂါဘေးကျရောက်စေသဖြင့် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် လူခုနစ်သောင်း သေကြရ၏။
၁ ရာချုပ် 21:14 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ထဲသို့ ကပ်ရောဂါဘေးကျရောက်စေသဖြင့် အစ္စရေးလူမျိုး ခုနစ်သောင်း သေကြရ၏။ Common Language Bible သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ ပြည်သားတို့အပေါ်သို့ ကပ်ရောဂါသက် ရောက်စေတော်မူသဖြင့်လူခုနစ်သောင်း သေလေ၏။- Garrad Bible ထာ ဝ ရ ဘု ရား သည် ကပ် ရော ဂါ သင့် စေ တော် မူ သ ဖြင့် ဣ သ ရေ လ လူ မျိုး ခု နစ် သောင်း ဆုံး ပါး ကြ ၏။ Judson Bible ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၌ ကာလနာကိုလွှတ်လိုက်တော်မူ၍ လူခုနစ်သောင်း သေကြ၏။ |
ထို့ကြောင့် ထာဝရဘုရားသည် ထိုနေ့နံနက်အချိန်မှစ၍ သတ်မှတ်ထားသောအချိန်ထိ အစ္စရေးလူမျိုးတို့ထဲသို့ ကပ်ရောဂါဘေးကျရောက်စေသဖြင့် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် လူခုနစ်သောင်း သေကြရ၏။
ထိုညမှာပင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များကိုသာ တွေ့ရ၏။
ဇေရုယာ၏သားယွာဘသည် လူဦးရေစာရင်းကို စတင်ရေတွက်သော်လည်း ပြီးဆုံးသည်အထိ မရေတွက်ချေ။ ထိုသို့စာရင်းရေတွက်ခြင်းကြောင့် အစ္စရေးလူမျိုးအပေါ် အမျက်တော် ကျရောက်ခဲ့ရ၏။ ထိုအရေအတွက်တို့ကို ဒါဝိဒ်မင်းကြီး၏ရာဇဝင်မှတ်တမ်းစာရင်းတွင် မရေးသွင်းခဲ့ချေ။
အီဂျစ်ပြည်၌ လူမသေသောအိမ်ဟူ၍မရှိသောကြောင့် ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းအပေါင်းတို့နှင့် အီဂျစ်လူမျိုးအပေါင်းတို့သည် ညအချိန်၌ ထ၍ ပြင်းစွာအော်ဟစ်ငိုကြွေးကြ၏။
ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏သေတ္တာတော်ထဲသို့ ကြည့်မိသောကြောင့် ကိုယ်တော်သည် မြို့သားအချို့တို့ကို ဒဏ်ခတ်တော်မူ၏။ လူငါးသောင်းခုနစ်ဆယ် ဒဏ်ခတ်ခံရလေ၏။ ထာဝရဘုရားသည် လူတို့ကို အမြောက်အမြားဒဏ်ခတ်တော်မူသောကြောင့် လူတို့ ငိုကြွေးမြည်တမ်းကြရလေ၏။