ဧဇရဟိတ်လူမျိုး ဧသန်နှင့် မဟေလ၏သားများဖြစ်သော ဟေမန်၊ ကာလကောလနှင့် ဒါရဒ စသောပညာရှိအပေါင်းတို့ထက် သာ၍ဉာဏ်ပညာရှိသဖြင့် သူ့ဝန်းကျင်တစ်ခွင်ရှိ တိုင်းနိုင်ငံအားလုံးတို့တွင် နာမည်ကျော်ကြားလေ၏။
၁ ရာချုပ် 2:6 - မြန်မာ့စံမီသမ္မာကျမ်း ဇေရ၏သားများမှာ ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရ အားလုံးပေါင်းငါးယောက် ရှိ၏။ Common Language Bible သူ၏ညီဇာရတွင်ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရဟူ၍သားငါးယောက် ရှိ၏။- Garrad Bible ဇေ ရ သား များ ကား ဇိ မ ရိ၊ ဧ သန်၊ ဟေ မန်၊ ကာ လ ကော လ၊ ဒါ ရ၊ ပေါင်း ငါး ယောက် တို့ တည်း။ Judson Bible ဇာရသားကား ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရ၊ ပေါင်းငါးယောက်တည်း။ |
ဧဇရဟိတ်လူမျိုး ဧသန်နှင့် မဟေလ၏သားများဖြစ်သော ဟေမန်၊ ကာလကောလနှင့် ဒါရဒ စသောပညာရှိအပေါင်းတို့ထက် သာ၍ဉာဏ်ပညာရှိသဖြင့် သူ့ဝန်းကျင်တစ်ခွင်ရှိ တိုင်းနိုင်ငံအားလုံးတို့တွင် နာမည်ကျော်ကြားလေ၏။
ရှောလမုန်မင်းကြီးသည်လည်း ဟိရံမင်းကြီး၏နန်းတွင်းသူနန်းတွင်းသားတို့ စားစရာအဖို့ ဂျုံကောရနှစ်သောင်းနှင့် ကြိတ်ထားသောသံလွင်ဆီ ကောရနှစ်ဆယ်ကို ပေး၏။ ထိုသို့ ရှောလမုန်မင်းကြီးသည် ဟိရံမင်းကြီးအဖို့ နှစ်စဉ်ပြုပေးလေ၏။
ကာမိ၏သားမှာ အာခါ ဖြစ်ပြီး သူသည် သစ္စာမစောင့် ကျိန်ခြင်းခံရသောပစ္စည်းကိုယူခြင်းဖြင့် အစ္စရေးလူမျိုးကို ဒုက္ခရောက်စေသောသူဖြစ်၏။
အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့၌ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်ပါ၏။
ယုဒအမျိုးအနွယ်ထဲမှ ဇေရ၏မြစ်၊ ဇာဗဒိ၏မြေး၊ ကာမိ၏သား အာခန်သည် ကျိန်ခြင်းခံရသောအရာကိုယူခြင်းဖြင့် အစ္စရေးလူမျိုးတို့ကို အပြစ်ကျူးလွန်ရာရောက်စေ၏။ သို့ဖြစ်၍ ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို အမျက်ထွက်တော်မူ၏။