ထိုသတင်းကိုဒါဝိဒ်မင်းကြီးကြားလျှင် အစ္စရေးလူမျိုးအပေါင်းတို့ကိုစုဝေးစေပြီး ဂျော်ဒန်မြစ်ကိုကူးကာ ဟေလံမြို့သို့ ချီလာ၏။ ဆီးရီးယားလူမျိုးတို့လည်း စစ်ခင်းကျင်းပြီး ဒါဝိဒ်မင်းကြီးကို ရင်ဆိုင်တိုက်ခိုက်လေ၏။
၁ ရာချုပ် 19:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုသတင်းကိုဒါဝိဒ်မင်းကြီးကြားလျှင် အစ္စရေးလူမျိုးအပေါင်းတို့ကိုစုဝေးစေပြီး ဂျော်ဒန်မြစ်ကိုကူးကာ ဆီးရီးယားလူမျိုးတို့ထံ ချီလာ၍ သူတို့နှင့်မျက်နှာချင်းဆိုင်တွင် စစ်ခင်းကျင်း၏။ ဆီးရီးယားလူမျိုးတို့ကိုတိုက်ခိုက်ရန် ဒါဝိဒ်မင်းကြီးစစ်ခင်းကျင်းသောအခါ ဆီးရီးယားလူမျိုးတို့သည် ဒါဝိဒ်မင်းကြီးကို ရင်ဆိုင်တိုက်ခိုက်လေ၏။ Common Language Bible ဤအကြောင်းကိုဒါဝိဒ်ကြားလေသော် ဣသရေလတပ်သားများကိုစုရုံးစေလျက် ယော်ဒန်မြစ်ကိုဖြတ်ကူးပြီးလျှင် ရှုရိတပ် များကိုမျက်နှာမူ၍နေရာယူစေတော် မူ၏။ စစ်ပွဲကားအစပြုလေပြီ။- Garrad Bible ထို သ တင်း ကို ဒါ ဝိဒ် မင်း ကြား သော် ဣ သ ရေ လ တပ် အ ပေါင်း ကို စု ရုံး ပြီး လျှင် ယော် ဒန် မြစ် ကို ကူး လျက် စစ် ခင်း ကျင်း ရာ ရှု ရိ သူ ရဲ တို့ သည် တိုက် ခိုက် သော အ ခါ ဣ သ ရေ လ တပ် ရှေ့ ဆုတ် ပြေး ရ၍၊ Judson Bible ထိုသတင်းကိုကြားလျှင် ဒါဝိဒ်သည် ဣသရေလ အမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ ယော်ဒန်မြစ်ကို ကူးသဖြင့်၊ ရန်သူတပ်သို့ရောက်၍ စစ်ခင်းကျင်းလေ၏။ ထိုသို့ဒါဝိဒ်သည် စစ်ခင်းကျင်း၍ ရှုရိလူတို့သည် တိုက်သောအခါ၊ |
ထိုသတင်းကိုဒါဝိဒ်မင်းကြီးကြားလျှင် အစ္စရေးလူမျိုးအပေါင်းတို့ကိုစုဝေးစေပြီး ဂျော်ဒန်မြစ်ကိုကူးကာ ဟေလံမြို့သို့ ချီလာ၏။ ဆီးရီးယားလူမျိုးတို့လည်း စစ်ခင်းကျင်းပြီး ဒါဝိဒ်မင်းကြီးကို ရင်ဆိုင်တိုက်ခိုက်လေ၏။
အစ္စရေးလူမျိုးတို့ကို မိမိတို့ရှုံးနိမ့်ကြောင်း ဆီးရီးယားလူမျိုးတို့သိလျှင် တမန်တို့ကိုစေလွှတ်ပြီး ယူဖရေးတီးမြစ်တစ်ဖက်ကမ်းရှိဆီးရီးယားလူမျိုးတို့ကို ခေါ်လာစေ၏။ ဟာဒဒေဇာမင်းကြီး၏စစ်သူကြီးရှောဗက်သည် သူတို့ကို ဦးဆောင်လာ၏။
ဆီးရီးယားလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ရှေ့မှ ထွက်ပြေးကြပြန်၍ ဒါဝိဒ်မင်းကြီးသည် ဆီးရီးယားလူမျိုးတို့၏စစ်ရထားမှူးအယောက်ခုနစ်ထောင်၊ ခြေလျင်တပ်သားအယောက်လေးသောင်းတို့ကို သုတ်သင်ပစ်လေ၏။ စစ်သူကြီးရှောဗက်ကိုလည်း အသေသတ်လိုက်လေ၏။
အမ္မုန်အမျိုးသားတို့လည်း ချီလာပြီး မြို့တံခါးဝတွင် စစ်ခင်းကျင်းကြ၏။ လိုက်ပါလာသောဘုရင်တို့မှာ မြို့ပြင်တွင် အသီးသီးစစ်ခင်းကျင်းကြ၏။