ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲသည် ထိုသူရဲကောင်းသုံးဦးကို ဦးဆောင်ရ၏။ သူသည် လှံကိုဝှေ့ယမ်းပြီး လူအယောက်သုံးရာကို တိုက်ခိုက်သတ်ဖြတ်၏။ ထို့ကြောင့် သူသည် ထိုသူရဲကောင်းသုံးဦးကဲ့သို့ နာမည်ကျော်စော၏။
၁ ရာချုပ် 19:11 - မြန်မာ့စံမီသမ္မာကျမ်း ကျန်လူတို့ကို ညီအဘိရှဲလက်သို့အပ်ပြီး အမ္မုန်အမျိုးသားတို့နှင့်တိုက်ခိုက်ရန် စစ်ခင်းကျင်းစေ၏။ Common Language Bible ကြွင်းသောသူတို့ကိုမူမိမိ၏ညီအဘိရှဲ အားကွပ်ကဲစေ၏။ အဘိရှဲသည်လည်းသူ တို့အားအမ္မုန်တပ်သားတို့ကိုမျက်နှာမူ ၍နေရာယူစေ၏။- Garrad Bible ကျန် သူ ရဲ အ ပေါင်း တို့ မှာ ညီ အ ဘိ ရှဲ လက် အောက် အပ် နှင်း သည့် အ တိုင်း အ မ္မုန် တပ် ကို ဆီး ဆို့ ရန် ခင်း ကျင်း ကြ ရာ၊ Judson Bible ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့ တစ်ဖက်၌ စစ်ခင်းကျင်းစေခြင်းငှာ ညီအဘိရှဲလက်သို့အပ်လျက်၊ |
ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲသည် ထိုသူရဲကောင်းသုံးဦးကို ဦးဆောင်ရ၏။ သူသည် လှံကိုဝှေ့ယမ်းပြီး လူအယောက်သုံးရာကို တိုက်ခိုက်သတ်ဖြတ်၏။ ထို့ကြောင့် သူသည် ထိုသူရဲကောင်းသုံးဦးကဲ့သို့ နာမည်ကျော်စော၏။
ဇေရုယာ၏သားအဘိရှဲသည်လည်း ဧဒုံလူမျိုး တစ်သောင်းရှစ်ထောင်ကို ဆားချိုင့်ဝှမ်းတွင် သုတ်သင်နိုင်ခဲ့ပြီး
ယွာဘသည် အရှေ့ဘက်နှင့် အနောက်ဘက်တွင် စစ်ခင်းကျင်းထားသည်ကို မြင်လျှင် အစ္စရေးစစ်သူရဲများထဲမှ လက်ရွေးစင်အချို့ကို ဆီးရီးယားလူမျိုးတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရန် စစ်ခင်းကျင်း၏။
ထို့ပြင် ယွာဘက “ဆီးရီးယားလူမျိုးတို့ဘက်က အရေးသာနေလျှင် ငါ့ကိုလာကူပါ။ အမ္မုန်အမျိုးသားတို့ဘက်က အရေးသာနေလျှင် သင့်ကို ငါလာကူမည်။
အမ္မုန်အမျိုးသားတို့လည်း ချီလာပြီး မြို့တံခါးဝတွင် စစ်ခင်းကျင်းကြ၏။ လိုက်ပါလာသောဘုရင်တို့မှာ မြို့ပြင်တွင် အသီးသီးစစ်ခင်းကျင်းကြ၏။