ကျန်လူတို့ကို ညီအဘိရှဲလက်သို့အပ်ပြီး အမ္မုန်အမျိုးသားတို့နှင့်တိုက်ခိုက်ရန် စစ်ခင်းကျင်းစေ၏။
၁ ရာချုပ် 19:10 - မြန်မာ့စံမီသမ္မာကျမ်း ယွာဘသည် အရှေ့ဘက်နှင့် အနောက်ဘက်တွင် စစ်ခင်းကျင်းထားသည်ကို မြင်လျှင် အစ္စရေးစစ်သူရဲများထဲမှ လက်ရွေးစင်အချို့ကို ဆီးရီးယားလူမျိုးတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရန် စစ်ခင်းကျင်း၏။ Common Language Bible ယွာဘသည်မိမိအားအရှေ့မှလည်းကောင်း၊ အနောက်မှလည်းကောင်း၊ ရန်သူတပ်သားတို့ တိုက်ခိုက်ကြလိမ့်မည်ကိုသိမြင်သောအခါ ဣသရေလအမျိုးသားတို့တွင်အတော် ဆုံးစစ်သူရဲတို့ကိုရွေးချယ်ကာရှုရိတပ် ကိုမျက်နှာမူ၍နေရာယူစေ၏။- Garrad Bible ယွာ ဘ သည် ရှေ့ တပ် နောက် တပ်၊ နှစ် ဘက် ညှပ် ကြောင်း မြင် လျှင် ဣ သ ရေ လ လက် ရွေး သူ ရဲ တို့ ကို ကောက် လျက် ရှု ရိ တပ် ကို ဆီး ဆို့ ရန် ခင်း ကျင်း ၍၊ Judson Bible ယွာဘသည်လည်း ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း၊ စစ်မျက်နှာနှစ်ဖက်ရှိသည်ကို မြင်လျှင်၊ ဣသရေလလူတို့တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူတို့တစ်ဖက်၌ စစ်ခင်းကျင်း၏။ |
ကျန်လူတို့ကို ညီအဘိရှဲလက်သို့အပ်ပြီး အမ္မုန်အမျိုးသားတို့နှင့်တိုက်ခိုက်ရန် စစ်ခင်းကျင်းစေ၏။
အမ္မုန်အမျိုးသားတို့လည်း ချီလာပြီး မြို့တံခါးဝတွင် စစ်ခင်းကျင်းကြ၏။ လိုက်ပါလာသောဘုရင်တို့မှာ မြို့ပြင်တွင် အသီးသီးစစ်ခင်းကျင်းကြ၏။
ကင်းပုန်းတပ်ကလည်း မြို့ထဲမှထွက်လာ၍ အာဣစစ်သည်တို့ကို တိုက်လေ၏။ ထို့ကြောင့် သူတို့သည် အစ္စရေးစစ်သည်နှစ်ဖွဲ့ကြားတွင် ပိတ်မိလေ၏။ အစ္စရေးစစ်သည်တို့သည် အာဣစစ်သည်တို့ အသက်ရှင်ကျန်ရစ်သူ၊ ထွက်ပြေးလွတ်မြောက်သူ တစ်ယောက်မျှမရှိအောင် သတ်ဖြတ်လေ၏။