သို့ဖြစ်၍ အို အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်အား တည်စေတော်မူမည်ဖြစ်ကြောင်းကို ကြားသိစေတော်မူပြီ။ ထို့ကြောင့် ကိုယ်တော့်အစေအပါးသည် ကိုယ်တော့်ရှေ့တွင် ဤသို့ဆုတောင်းဝံ့ခြင်း ဖြစ်ပါ၏။
၁ ရာချုပ် 17:26 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင် ဖြစ်တော်မူပါ၏။ ဤကောင်းကျိုးချမ်းသာကို ကိုယ်တော့်အစေအပါးအား ပေးသနားမည်ဟု ကတိထားတော်မူပါပြီ။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားသခင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအား ဤအံ့သြဖွယ်သောကတိတော်ကိုပေး တော်မူပါပြီ။- Garrad Bible အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် မှန် သော ဘု ရား ဖြစ်၍ ဤ ကျေး ဇူး တော် ကို ကျွန် တော် မျိုး အား သ နား မည် ဟု သ စ္စာ ဆို တော် မူ ပါ ပြီ။ Judson Bible ယခုလည်း အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင် မှန်တော်မူ၏။ ဤကျေးဇူးကို ကိုယ်တော်ကျွန်၌ ကတိထားတော်မူပြီ။ |
သို့ဖြစ်၍ အို အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်အား တည်စေတော်မူမည်ဖြစ်ကြောင်းကို ကြားသိစေတော်မူပြီ။ ထို့ကြောင့် ကိုယ်တော့်အစေအပါးသည် ကိုယ်တော့်ရှေ့တွင် ဤသို့ဆုတောင်းဝံ့ခြင်း ဖြစ်ပါ၏။
ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်သည် ရှေ့တော်တွင် အစဉ်အမြဲတည်နေမည့်အကြောင်း အလိုတော်ရှိ၍ ကောင်းချီးပေးတော်မူပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ကောင်းချီးပေးတော်မူသဖြင့် အစဉ်အမြဲကောင်းချီးခံစားရပါလိမ့်မည်”ဟု တောင်းလျှောက်လေ၏။
မုသားနှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ထိုထာဝရအသက်ကို ရှေးကာလများမတိုင်မီကပင် ကတိပေးတော်မူပြီး
ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။