၁ ရာချုပ် 17:25 - မြန်မာ့စံမီသမ္မာကျမ်း25 သို့ဖြစ်၍ အို အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်အား တည်စေတော်မူမည်ဖြစ်ကြောင်းကို ကြားသိစေတော်မူပြီ။ ထို့ကြောင့် ကိုယ်တော့်အစေအပါးသည် ကိုယ်တော့်ရှေ့တွင် ဤသို့ဆုတောင်းဝံ့ခြင်း ဖြစ်ပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible25 ကိုယ်တော်ရှင်သည်မိမိ၏အစေခံကျွန်တော် မျိုးအား ဤအမှုအရာအလုံးစုံကိုဖွင့်ပြ တော်မူသောကြောင့်လည်းကောင်း၊ ကျွန်တော် မျိုး၏သားမြေးတို့အားဘုရင်အဖြစ်ဖြင့် ချီးမြှင့်မြှောက်စားတော်မူမည်ဟုမိန့်တော် မူသောကြောင့်လည်းကောင်းကျွန်တော်မျိုး သည် ဤဆုတောင်းပတ္ထနာကိုကျွန်တော်မျိုး ၏ဘုရားထံတော်သို့တင်လျှောက်ဝံ့ခြင်း ဖြစ်ပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible25 အို အ ကျွန်ုပ် ဘု ရား သ ခင်၊ ကိုယ် တော် ပင် အ ကျွန်ုပ် အိမ် ထောင် ကို အ စဉ် အ ဆက် တည် ဆောက် တော် မူ မည် ဟု ကျွန် တော် မျိုး အား ဗျာ ဒိတ် ပေး တော် မူ သော ကြောင့် သာ ရှေ့ တော် တွင် ကျွန် တော် မျိုး ပ ဌ နာ ပြု ဝံ့ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible25 အကြောင်းမူကား၊ အိုကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်က သင်၏အမျိုးအနွယ်ကို ငါတည်စေမည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ပတ္ထနာပြုချင်သောစိတ်ရှိပါ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်လျှင် ကိုယ်တော်၏နာမတော်သည် အစဉ်တည်မြဲပြီး ကြီးမြတ်တော်မူပါလိမ့်မည်။ ‘အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ ဘုရားသခင် ဖြစ်တော်မူပါ၏’ဟု ဆိုကြပါလိမ့်မည်။ ကိုယ်တော်၏အစေအပါး ဒါဝိဒ်၏မင်းမျိုးမင်းနွယ်သည်လည်း ရှေ့တော်၌ တည်မြဲပါလိမ့်မည်။