နာသန်သည်လည်း စကားတော်အလုံးစုံ၊ ဗျာဒိတ်နိမိတ်အလုံးစုံတို့ကို ဒါဝိဒ်မင်းကြီးအား ဆင့်ဆိုလေ၏။
၁ ရာချုပ် 17:15 - မြန်မာ့စံမီသမ္မာကျမ်း နာသန်သည်လည်း စကားတော်အလုံးစုံ၊ ဗျာဒိတ်နိမိတ်အလုံးစုံတို့ကို ဒါဝိဒ်မင်းကြီးအား ဆင့်ဆိုလေ၏။ Common Language Bible နာသန်သည်ဘုရားသခင်ဖွင့်ပြတော်မူသော ဗျာဒိတ်တော်မှန်သမျှကို ဒါဝိဒ်အားပြန် ကြားလျှောက်ထားလေ၏။ Garrad Bible နာ သန် လည်း ထို ဗျာ ဒိတ် ရူ ပါ ရုံ ဟူ သ မျှ ကို ဒါ ဝိဒ် မင်း အား ဆင့် ဆို လေ ၏။ Judson Bible ထိုဗျာဒိတ်တော်စကား အလုံးစုံတို့ကို နာသန်သည် ဒါဝိဒ်အား ပြန်ပြောလေ၏။ |
နာသန်သည်လည်း စကားတော်အလုံးစုံ၊ ဗျာဒိတ်နိမိတ်အလုံးစုံတို့ကို ဒါဝိဒ်မင်းကြီးအား ဆင့်ဆိုလေ၏။
ငါ့အိမ်တော်နှင့် ငါ့နိုင်ငံတော်ကို သူ၌ အစဉ်အမြဲတည်မြဲစေမည်။ သူ၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ထိုအခါ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်သို့တိုးဝင်၍ ထိုင်ပြီးလျှင် “အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော်မူမည့်အကြောင်း အကျွန်ုပ်ကား မည်သူဖြစ်၍ အကျွန်ုပ်အမျိုးအနွယ်သည်လည်း မည်သို့သောအမျိုးအနွယ်ဖြစ်ပါသနည်း။
အိပ်မက်နိမိတ်ရသောပရောဖက်သည် သူ့အိပ်မက်ကို ဟောပါစေ။ နှုတ်ကပတ်တော်ကိုရသောသူသည် နှုတ်ကပတ်တော်ကို သစ္စာရှိစွာဟောပါစေ။ အဖျင်းနှင့်စပါး မည်သို့ဆိုင်သနည်း”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အကြောင်းမူကား ငါသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဘုရားသခင်၏အကြံအစည်တော်ကို သင်တို့အား အကုန်အစင်ဖော်ပြခဲ့ပြီ။