ရှေ့တော်တွင် ဘုန်းကျက်သရေနှင့် ခန့်ညားထည်ဝါမှုတို့ ရှိပါ၏။ ကိန်းဝပ်တော်မူရာအရပ်တွင် အစွမ်းတန်ခိုးနှင့် ဝမ်းမြောက်ခြင်းတို့ရှိပါ၏။
၁ ရာချုပ် 16:28 - မြန်မာ့စံမီသမ္မာကျမ်း လူမျိုးတို့၏မျိုးနွယ်စုတို့၊ ထာဝရဘုရားကို သိမှတ်ဝန်ခံကြလော့။ ထာဝရဘုရား၌ ဘုန်းအသရေ၊ အစွမ်းတန်ခိုးရှိကြောင်းကို သိမှတ်ဝန်ခံကြလော့။ Common Language Bible ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ထာဝရဘုရားကို ထောမနာပြုကြလော့။ ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး အာနုဘော်တော်ကိုထောမနာပြုကြလော့။ Garrad Bible လူ အ မျိုး အ နွယ် ခပ် သိမ်း တို့၊ ထာ ဝ ရ ဘု ရား သည် ဘုန်း တန် ခိုး ကြီး တော် မူ ကြောင်း ဝန် ခံ၍၊ Judson Bible လူအမျိုးမျိုးတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုး အစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့။ ရှိတော်မူသည်ဟု ဝန်ခံကြလော့။ |
ရှေ့တော်တွင် ဘုန်းကျက်သရေနှင့် ခန့်ညားထည်ဝါမှုတို့ ရှိပါ၏။ ကိန်းဝပ်တော်မူရာအရပ်တွင် အစွမ်းတန်ခိုးနှင့် ဝမ်းမြောက်ခြင်းတို့ရှိပါ၏။
ထာဝရဘုရား၏နာမတော်ဘုန်းကြီးတော်မူကြောင်းကို သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကို ရှေ့တော်သို့ ယူဆောင်လာကြလော့။ သန့်ရှင်းခြင်းတန်ဆာကိုဆင်၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
လူမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာသီချင်းဆိုကြပါစေသော။ အကြောင်းမူကား ကိုယ်တော်သည် လူတို့ကို မျှတစွာတရားစီရင်၍ ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးတို့ကို ဦးဆောင်လမ်းပြတော်မူ၏။(စေလာ)
ဘုရားသခင်သည် ငါတို့ကိုကောင်းချီးပေးတော်မူမည်ဖြစ်၍ ကမ္ဘာမြေအစွန်းရှိသမျှတို့သည် ကိုယ်တော်ကိုကြောက်ရွံ့ကြလိမ့်မည်။
ဘုရားသခင်၏အစွမ်းသတ္တိကို သိမှတ်ဝန်ခံကြလော့။ ကိုယ်တော်၏အာနုဘော်တော်သည် အစ္စရေးအပေါ်၌ရှိ၍ ကိုယ်တော်၏အစွမ်းသတ္တိသည် မိုးတိမ်တို့၌ရှိ၏။
လူမျိုးတို့၏မျိုးနွယ်စုတို့၊ ထာဝရဘုရားကိုသိမှတ်ဝန်ခံကြလော့။ ထာဝရဘုရား၌ ဘုန်းအသရေနှင့်အစွမ်းတန်ခိုးရှိကြောင်း သိမှတ်ဝန်ခံကြလော့။
မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ဟစ်ကြော်လျက်၊ ရွှင်လန်းစွာသီချင်းဆိုလျက် သီဆိုချီးမွမ်းကြလော့။
ထိုနေ့ရက်၌ ယေရှဲ၏အမြစ်သည် လူတို့အတွက် အောင်လံသဖွယ်ရပ်တည်လိမ့်မည်။ လူမျိုးတို့သည် သူ့ကို မေးမြန်းစူးစမ်းကြလိမ့်မည်။ ကိန်းဝပ်တော်မူရာအရပ်သည် ဘုန်းအသရေရှိလိမ့်မည်။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။
ဤသည်ကား ချစ်တော်မူသောသားတော်အားဖြင့် ငါတို့အားပေးသနားတော်မူသော မိမိကျေးဇူးတော်၏ဘုန်းတော်ကို ငါတို့ချီးမွမ်းကြမည့်အကြောင်းတည်း။
ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောအရှင်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။
ဤသို့ ပလိပ်နာဖုအရုပ်နှင့် ပြည်ကိုဖျက်ဆီးသောကြွက်အရုပ်တို့ကို ထုလုပ်၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်ဘုန်းတော်ကို ချီးမြှောက်ခြင်းဖြင့် လက်တော်ကို သင်တို့နှင့် သင်တို့၏ဘုရားများအပါအဝင် သင်တို့တိုင်းပြည်မှ ပြန်လည်ရုပ်သိမ်းကောင်းရုပ်သိမ်းတော်မူလိမ့်မည်။