ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
၁ ရာချုပ် 16:16 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား အာဗြဟံနှင့် ဖွဲ့ခဲ့သောပဋိညာဉ်၊ ဣဇက်၌ထားခဲ့သောကတိတော် ဖြစ်၏။ |
ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
ငါနှင့်သင်ကြား၌ ပဋိညာဉ်ကိုပြု၍ သင့်ကိုအလွန်တရာတိုးပွားစေမည်”ဟု မိန့်တော်မူလျှင်
ဤပြည်၌ တည်းခိုနေထိုင်လော့။ ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုကောင်းချီးပေးမည်။ အကယ်စင်စစ် ဤမြေရှိသမျှတို့ကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေး၍ သင်၏ဖခင်အာဗြဟံအား ငါကျိန်ဆိုခဲ့သောကတိကို ငါတည်စေမည်။
တစ်ဖန် ဘုရားသခင်က “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ တိုးပွားများပြားလော့။ သင့်ထံမှ လူမျိုးတစ်မျိုးသာမက လူမျိုးပေါင်းများစွာ ဆင်းသက်လာကြလိမ့်မည်။ သင်၏အမျိုးအနွယ်ထဲမှ ရှင်ဘုရင်များလည်း ပေါ်ထွန်းလိမ့်မည်။
“ဘုရားသခင်၏သေတ္တာတော်ကြောင့် ဩဗဒေဒုံ၏အိမ်သူအိမ်သားတို့နှင့်တကွ သူပိုင်ဆိုင်သောအရာအားလုံးကို ထာဝရဘုရားကောင်းချီးပေးတော်မူပြီ”ဟု ဒါဝိဒ်မင်းကြီးအား ကြားပြောကြသောအခါ ဒါဝိဒ်မင်းကြီးသည် သွား၍ ဘုရားသခင်၏သေတ္တာတော်ကို ဩဗဒေဒုံ၏အိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်စွာ သယ်ဆောင်လာလေ၏။
ကိုယ်တော်၏ပဋိညာဉ်တော်ကို အစဉ်သတိရကြလော့။ မိန့်တော်မူထားသောစကားတော်ကို မျိုးဆက်ပေါင်းတစ်ထောင်တိုင်အောင် သတိရကြလော့။
သူသည် ရှေ့တော်တွင် စိတ်သဘောဖြောင့်မှန်သောသူဖြစ်ကြောင်း ကိုယ်တော်တွေ့မြင်သဖြင့် ခါနာန်ပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို သူ၏သားစဉ်မြေးဆက်တို့အားပေးရန် သူနှင့်ပဋိညာဉ်ပြုတော်မူ၏။ ကိုယ်တော်သည်လည်း ဖြောင့်မတ်တော်မူသည်ဖြစ်၍ ကတိတော်ကိုတည်စေတော်မူ၏။
တစ်ဖန် ဘုရားသခင်က မောရှေအား “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့ကို သင်တို့ထံသို့ စေလွှတ်တော်မူပြီ။ ဤနာမသည် ငါ၏ထာဝရနာမဖြစ်၏။ မျိုးဆက်အစဉ်အဆက် သိမှတ်ရမည့် ငါ၏နာမဖြစ်၏’ဟု ပြောရမည်။
သင်တို့သည် ပရောဖက်တို့၏သားမြေးများဖြစ်ကြသည်သာမက ဘုရားသခင်သည် အာဗြဟံအား ‘ကမ္ဘာပေါ်ရှိလူမျိုးစုအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်’ဟု မိန့်တော်မူလျက် သင်တို့၏ဘိုးဘေးများနှင့်ပြုခဲ့သော ပဋိညာဉ်၏သားမြေးများလည်းဖြစ်ကြ၏။
သို့ရာတွင် ထာဝရဘုရားသည် သင်တို့ကို ချစ်တော်မူသောကြောင့်လည်းကောင်း၊ သင်တို့၏ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့်ကတိတော်ကို တည်စေသောကြောင့်လည်းကောင်း ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထုတ်ဆောင်တော်မူ၏။ ကျွန်ခံရာအိမ်အီဂျစ်ဘုရင်ဖာရောမင်းကြီး၏လက်မှ ရွေးနုတ်တော်မူ၏။