ရိတ်သိမ်းရာကာလတွင် စစ်သူရဲသုံးဆယ်ထဲမှ သုံးဦးသည် ဒါဝိဒ်မင်းကြီးရှိရာ အဒုလံလိုဏ်ဂူသို့ ဆင်းသွားကြ၏။ ဖိလိတ္တိတပ်မူကား ရေဖိမ်ချိုင့်ဝှမ်းတွင် စခန်းချလျက်ရှိ၏။
၁ ရာချုပ် 14:9 - မြန်မာ့စံမီသမ္မာကျမ်း ဖိလိတ္တိစစ်သည်တို့သည် ချီလာ၍ ရေဖိမ်ချိုင့်ဝှမ်းကို ဝင်ရောက်တိုက်ခိုက်ကြ၏။ Common Language Bible ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ်ချိုင့်ဝှမ်းသို့ ရောက်ရှိကြသောအခါ လူတို့အားစတင်တိုက် ခိုက်လုယက်ကြကုန်၏။- Garrad Bible ဖိ လိ တ္တိ တပ် တို့ သည် ရေ ဖိမ် ချိုင့် တွင် အ နု ကြမ်း စီး ချီ လာ ကြ သော်၊ Judson Bible ဖိလိတ္တိလူတို့သည် လာ၍ ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။ |
ရိတ်သိမ်းရာကာလတွင် စစ်သူရဲသုံးဆယ်ထဲမှ သုံးဦးသည် ဒါဝိဒ်မင်းကြီးရှိရာ အဒုလံလိုဏ်ဂူသို့ ဆင်းသွားကြ၏။ ဖိလိတ္တိတပ်မူကား ရေဖိမ်ချိုင့်ဝှမ်းတွင် စခန်းချလျက်ရှိ၏။
ဖိလိတ္တိစစ်သည်တို့သည် ချီလာ၍ ရေဖိမ်ချိုင့်ဝှမ်းတွင် တပ်ဖြန့်နေရာယူကြလေ၏။
စစ်သူရဲသုံးဆယ်ထဲမှ သုံးဦးသည် ဒါဝိဒ်မင်းကြီးရှိရာ အဒုလံလိုဏ်ဂူကျောက်ဆောင်သို့ ဆင်းသွားကြ၏။ ဖိလိတ္တိတပ်မူကား ရေဖိမ်ချိုင့်ဝှမ်းတွင် စခန်းချလျက်ရှိ၏။
ထိုအခါ ဒါဝိဒ်မင်းကြီးက “ဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ်ထွက်တိုက်ရမည်လော။ သူတို့ကို အကျွန်ုပ်လက်သို့ အပ်တော်မူမည်လော”ဟု ဘုရားသခင်ထံ မေးလျှောက်လျှင် ထာဝရဘုရားက ဒါဝိဒ်မင်းကြီးအား “ထွက်တိုက်လော့။ သူတို့ကို သင့်လက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။
ဖိလိတ္တိစစ်သည်တို့သည် နောက်တစ်ကြိမ် ရေဖိမ်ချိုင့်ဝှမ်းကို ဝင်ရောက်တိုက်ခိုက်ကြပြန်၏။
ဒါဝိဒ်မင်းကြီးအား အစ္စရေးလူမျိုးအပေါင်းတို့၏ဘုရင်အဖြစ် ဘိသိက်ပေးကြောင်းကို ဖိလိတ္တိလူမျိုးတို့ကြားလျှင် ဖိလိတ္တိစစ်သည်အပေါင်းတို့သည် ဒါဝိဒ်မင်းကြီးကို လိုက်ရှာရန် ချီလာကြ၏။ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီးကြားသိလျှင် သူတို့နှင့် တိုက်ဖို့ ထွက်လာ၏။
ရိတ်သိမ်းသူသည် စပါးပင်ကိုစု၍ မိမိလက်ရုံးအားဖြင့် ရိတ်သိမ်းသကဲ့သို့လည်းကောင်း၊ ရေဖိမ်ချိုင့်ဝှမ်း၌ စပါးနှံများကို ကောက်သင်းကောက်သကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။