ဗေရောသိလူမျိုးတို့သည် ဂိတ္တိမ်အရပ်သို့ထွက်ပြေးသွားကြပြီး ထိုအရပ်တွင် ယနေ့တိုင် တည်းခိုနေထိုင်ကြ၏။
၁ ရာချုပ် 13:13 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးသည် သေတ္တာတော်ကို မိမိနှင့်အတူ ဒါဝိဒ်မြို့သို့ မသယ်ဆောင်သွားဘဲ ဂိတ္တိလူမျိုး ဩဗဒေဒုံ၏အိမ်သို့ သယ်ဆောင်သွား၏။ Common Language Bible သေတ္တာတော်ကိုမိမိနှင့်အတူယေရုရှလင်မြို့ သို့မယူဆောင်တော့ချေ။ ယင်းသို့ယူဆောင်မည့် အစားသေတ္တာတော်ကိုဂိတ္တိမြို့သားသြဗ ဒေဒုံနာမည်ရှိသူတစ်ဦး၏အိမ်၌ထားခဲ့၏။- Garrad Bible ထို ကာ လ ဘု ရား သ ခင် အား ကြောက် ရွံ့၍ ကိုယ့် နေ ရာ မြို့ တော် တွင်း သို့ သေ တ္တာ တော် ကို မ ပင့် မ သွင်း ဘဲ၊ Judson Bible မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကိုမဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လွှဲ၍ ဆောင်သွားလေ၏။ |
ဗေရောသိလူမျိုးတို့သည် ဂိတ္တိမ်အရပ်သို့ထွက်ပြေးသွားကြပြီး ထိုအရပ်တွင် ယနေ့တိုင် တည်းခိုနေထိုင်ကြ၏။
တစ်ဖန် ဒါဝိဒ်မင်းကြီးသည် အစ္စရေးလူမျိုးထဲမှ ရွေးချယ်ထားသောစစ်သည်သုံးသောင်းကို စုဝေးစေပြီးလျှင်
ထိုနေ့တွင် ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့် “ဘုရားသခင်၏သေတ္တာတော်သည် ငါ့ထံ မည်သို့ရောက်လာနိုင်မည်နည်း”ဟု တွေးတောလေ၏။
ဒုတိယအုပ်စုတွင် သူတို့၏ဆွေမျိုးသားချင်းများဖြစ်သော ဇာခရိ၊ ဗင်၊ ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံနှင့်ယေယေလ တို့ကိုခွဲခန့်ထား၏။
ဤသို့ဖြင့် ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးသက်ကြီးဝါကြီးများ၊ လူတစ်ထောင်အုပ်သောသူများသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဩဗဒေဒုံ၏အိမ်မှ ပြန်သယ်လာရန် ဝမ်းမြောက်စွာထွက်သွားကြ၏။
ခေါင်းဆောင်မှာ အာသပ်ဖြစ်၍ သူ၏လက်ထောက်မှာ ဇာခရိဖြစ်၏။ ယေယေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ ဩဗဒေဒုံ၊ ယေယေလ တို့သည် စောင်းပြား၊ စောင်းကောက်စသောတူရိယာတို့ကို တီးခတ်ရ၏။ အာသပ်ကား လင်းကွင်းကို တီးရ၏။
ဩဗဒေဒုံ၏သားများမှာ သားဦး ရှေမာယ၊ ဒုတိယသား ယဟောဇဗဒ်၊ တတိယသား ယောအာ၊ စတုတ္ထသား စာကာ၊ ပဉ္စမသား နာသနေလ၊
ဤသူအားလုံးတို့သည် ဩဗဒေဒုံ၏သားမြေးများ ဖြစ်ကြ၏။ သူတို့၏သားများ ညီအစ်ကိုများသည် အမှုတော်လုပ်ငန်းတွင် ရဲစွမ်းသတ္တိထက်မြက်၍ ခွန်အားကြီးသောသူများဖြစ်၏။ ဩဗဒေဒုံ၌ သားမြေးပေါင်း ခြောက်ဆယ့်နှစ်ယောက် ရှိ၏။