ထိုနေ့တွင် ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့် “ဘုရားသခင်၏သေတ္တာတော်သည် ငါ့ထံ မည်သို့ရောက်လာနိုင်မည်နည်း”ဟု တွေးတောလေ၏။
ထို့နောက်ဒါဝိဒ်သည်ဘုရားသခင်ကိုကြောက် ရွံ့တော်မူသဖြင့်``ယခုငါသည်ပဋိညာဉ် သေတ္တာတော်ကိုအဘယ်သို့လျှင်ယူဆောင် ရပါတော့မည်နည်း'' ဟုဆို၍။-
ဒါ ဝိဒ် မင်း က လည်း ဘု ရား သ ခင့် သေ တ္တာ တော် ကို ငါ့ ထံ မည် သို့ ပင့် ဆောင် ရ အံ့ နည်း ဟု အောက် မေ့ လျက်၊
ထိုနေ့၌ဒါဝိဒ်သည် ဘုရားသခင်ကိုကြောက်၍၊ ဘုရားသခင်၏သေတ္တာတော်ကို အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့ရမည်နည်းဟု ဆိုလျက်၊
အကယ်စင်စစ် ဘုရားသခင်သည် ဤမြေကြီးပေါ်တွင် ကိန်းဝပ်တော်မူမည်လော။ ကြည့်ရှုလော့။ ကောင်းကင်သာမက အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်ပါ။ သို့ဖြစ်၍ အကျွန်ုပ်ဆောက်ထားသောဤအိမ်တော်ကား အဘယ်ဆိုဖွယ်ရာရှိပါလိမ့်မည်နည်း။
ဤသို့ ဩဇအား ထာဝရဘုရားဒဏ်ခတ်တော်မူသောကြောင့် ဒါဝိဒ်မင်းကြီးသည် စိတ်ဆိုးလေ၏။ ထို့ကြောင့် ယနေ့တိုင် ထိုနေရာကို ပေရဩဇ ဟုခေါ်ဆိုလေ၏။
ဒါဝိဒ်မင်းကြီးသည် သေတ္တာတော်ကို မိမိနှင့်အတူ ဒါဝိဒ်မြို့သို့ မသယ်ဆောင်သွားဘဲ ဂိတ္တိလူမျိုး ဩဗဒေဒုံ၏အိမ်သို့ သယ်ဆောင်သွား၏။
သို့သော် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရား၏ကောင်းကင်တမန်ကိုင်ထားသောဓားကို ကြောက်သောကြောင့် ထိုယဇ်ပလ္လင်သို့သွား၍ ဘုရားသခင်ထံ မမေးမြန်းဝံ့ချေ။
ကိုယ်တော်ကိုကြောက်ရွံ့၍ အကျွန်ုပ်အသားသည် တဆတ်ဆတ်တုန်နေပါ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်ကြောက်ရွံ့ပါ၏။
ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
တစ်တာလန်ရသောသူသည်လည်း ချဉ်းကပ်၍ ‘သခင်၊ သခင်သည် မိမိမစိုက်ပျိုးသည့်နေရာမှရိတ်သိမ်းပြီး မိမိမကြဲဖြန့်သည့်နေရာမှစုသိမ်းတတ်သည့် ခက်ထန်သောသူဖြစ်ကြောင်း အကျွန်ုပ်သိပါသည်။
ဗက်ရှေမက်မြို့သားတို့က “ဤသန့်ရှင်းသောဘုရားသခင် ထာဝရဘုရားရှေ့တော်တွင် မည်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည် ငါတို့ထဲမှ မည်သူ့ထံသို့ ကြွတော်မူပါမည်နည်း”ဟု ပြောဆိုကြ၏။