အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ရာ​ချုပ် 11:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဒါဝိဒ်​မင်းကြီး​သည် ရဲတိုက်​တွင်​နေ​သည်​ကို​အစွဲပြု​၍ ထို​ရဲတိုက်​ကို ဒါဝိဒ်​မြို့ ဟု​ခေါ်ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဒါ​ဝိဒ်​မင်း​သည်​ထို​ခံ​တပ်​တွင်​နေ​ထိုင်​ရန် သွား​ရောက်​တော်​မူ​သည်​ကို​အ​စွဲ​ပြု၍ ယင်း ကို``ဒါ​ဝိဒ်​မြို့'' ဟု​ခေါ်​ဆို​သ​မုတ်​ကြ သ​တည်း။-

အခန်းကိုကြည့်ပါ။

Garrad Bible

၎င်း ခံ မြို့၌ ဒါ ဝိဒ် မင်း စံ နေ သော ကြောင့် ဒါ ဝိဒ် မြို့ တော် ဟု ခေါ် ဝေါ် ကြ သ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​နောက် ဒါ​ဝိဒ်​သည် ရဲ​တိုက်၌​နေ​သော​ကြောင့်၊ ဒါ​ဝိဒ်​မြို့​ဟူ​သော​အ​မည်​ဖြင့် သ​မုတ်​ကြ၏။

အခန်းကိုကြည့်ပါ။



၁ ရာ​ချုပ် 11:7
5 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဒါဝိဒ်​မင်းကြီး​သည် ဒါဝိဒ်​မြို့ ဟု​ခေါ်တွင်​မည့် ဇိအုန်​ခံတပ်​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။


ယေဗုတ်​မြို့သား​တို့​က ဒါဝိဒ်​မင်းကြီး​အား “​သင်​သည် ဤ​မြို့​ထဲသို့ မ​ဝင်​ရ​”​ဟု ဆို​၏​။ သို့သော် ဒါဝိဒ်​မင်းကြီး​သည် ဒါဝိဒ်​မြို့ ဟု​ခေါ်တွင်​မည့် ဇိအုန်​ခံတပ်​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။


ထို့နောက် ဒါဝိဒ်​မင်းကြီး​က “​ယေဗုသိ​လူမျိုး​ကို ဦးစွာ​တိုက်ခိုက်​နိုင်​သူ​အား ဗိုလ်ချုပ်ကြီး​ရာထူး​ပေး​မည်​”​ဟု မိန့်ဆို​လျှင် ဇေရုယာ​၏​သား​ယွာဘ​သည် ဦးစွာ​သွား​တိုက်​၏​။ ထို့ကြောင့် သူ​သည် ဗိုလ်ချုပ်ကြီး ဖြစ်လာ​လေ​၏​။


ဒါဝိဒ်​မင်းကြီး​သည် မိလ္လော​နှင့် ဝန်းကျင်​ပတ်ပတ်လည်​တွင် မြို့​ကို​တည်ဆောက်​၏​။ မြို့​၏​ကျန်​အပိုင်း​ကို ယွာဘ​က ပြန်လည်​ပြုပြင်​၏​။


“​ငါ​၏​သန့်ရှင်း​သော​ဇိအုန်​တောင်​ပေါ်တွင် ငါ​၏​ရှင်ဘုရင်​ကို ငါ​ခန့်အပ်​ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။