ဖိလိတ္တိစစ်သည်တို့သည် ချီလာ၍ ရေဖိမ်ချိုင့်ဝှမ်းတွင် တပ်ဖြန့်နေရာယူကြလေ၏။
၁ ရာချုပ် 11:15 - မြန်မာ့စံမီသမ္မာကျမ်း စစ်သူရဲသုံးဆယ်ထဲမှ သုံးဦးသည် ဒါဝိဒ်မင်းကြီးရှိရာ အဒုလံလိုဏ်ဂူကျောက်ဆောင်သို့ ဆင်းသွားကြ၏။ ဖိလိတ္တိတပ်မူကား ရေဖိမ်ချိုင့်ဝှမ်းတွင် စခန်းချလျက်ရှိ၏။ Common Language Bible တစ်နေ့သ၌ဖိလိတ္တိအမျိုးသားတစ်စု သည်ရေဖိမ်ချိုင့်ဝှမ်းတွင်တပ်စခန်းချလျက် ရှိနေစဉ် ရှေ့တန်းခေါင်းဆောင်များဖြစ်သော ရဲဘော်သုံးကျိပ်မှရဲဘော်သုံးဦးတို့သည် အဒုလံလှိုဏ်ဂူအနီးဒါဝိဒ်မင်းရှိရာ ကျောက်ဆောင်သို့သွားရောက်ကြ၏။- Garrad Bible ဦး ဆောင် ဗိုလ် သုံး ကျိပ် အ နက် သုံး ယောက် တို့ သည် ရေ ဖိမ် ချိုင့်၌ ဖိ လိ တ္တိ တပ် စွဲ ရပ် လျက် နေ ကြ စဉ် ဒါ ဝိဒ် ခို ရာ ကျောက် တောင် ရှိ အ ဒု လံ ဥ မင် သို့ ဆင်း သွား ကြ ၏။ Judson Bible ဗိုလ်စုအဝင် သုံးယောက်တို့သည် ဒါဝိဒ်ရှိရာကျောက်ကြား၊ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိလူတို့သည် ရေဖိမ်ချိုင့်၌ တပ်ချလျက်ရှိကြ၏။ |
ဖိလိတ္တိစစ်သည်တို့သည် ချီလာ၍ ရေဖိမ်ချိုင့်ဝှမ်းတွင် တပ်ဖြန့်နေရာယူကြလေ၏။
ဖိလိတ္တိစစ်သည်တို့သည် နောက်တစ်ကြိမ် ချီလာ၍ ရေဖိမ်ချိုင့်ဝှမ်းတွင် တပ်ဖြန့်နေရာယူကြပြန်၏။
ဧလာဇာသည် လယ်ကွက်အလယ်တွင်ရပ်လျက် ဖိလိတ္တိလူမျိုးတို့ကို ခုခံတိုက်ခိုက်ရာ ထာဝရဘုရားသည် ကြီးမားသောအောင်ပွဲကို ရစေတော်မူ၏။
စစ်သူရဲအယောက်သုံးဆယ်တွင်ပါဝင်၍ ထိုစစ်သူရဲအယောက်သုံးဆယ်ကို အုပ်ရသူ ဂိဗောင်မြို့သား ဣရှမာယ၊ ယေရမိ၊ ယဟာဇေလ၊ ယောဟနန်၊ ဂေဒရမြို့သား ယောဇဗဒ်၊
ဖိလိတ္တိစစ်သည်တို့သည် ချီလာ၍ ရေဖိမ်ချိုင့်ဝှမ်းကို ဝင်ရောက်တိုက်ခိုက်ကြ၏။
ရိတ်သိမ်းသူသည် စပါးပင်ကိုစု၍ မိမိလက်ရုံးအားဖြင့် ရိတ်သိမ်းသကဲ့သို့လည်းကောင်း၊ ရေဖိမ်ချိုင့်ဝှမ်း၌ စပါးနှံများကို ကောက်သင်းကောက်သကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
အို မရေရှမြို့သူ၊ သင့်အား သိမ်းပိုက်စိုးမိုးမည့်သူကို ငါရောက်လာစေမည်။ အစ္စရေးလူမျိုး၏ဘုန်းအသရေသည် အဒုလံမြို့သို့ ရောက်လာလိမ့်မည်။
တစ်ဖန် နယ်နိမိတ်သည် ဗင်ဟိန္နုံချိုင့်ဝှမ်းမှ ဂျေရုဆလင် ခေါ် ယေဗုသိမြို့တောင်ဘက်ရှိ တောင်စောင်းတစ်လျှောက် တက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရေဖိမ်ချိုင့်ဝှမ်း၏မြောက်ဘက်အဆုံးရှိ ဟိန္နုံချိုင့်ဝှမ်း၏အနောက်ဘက်နှင့်မျက်နှာချင်းဆိုင်သော တောင်ထိပ်အထိ တက်သွား၏။
ဒါဝိဒ်သည် ထိုအရပ်မှထွက်ပြေးလွတ်မြောက်သွားပြီး အဒုလံလိုဏ်ဂူ၌ ရောက်နေကြောင်းကို သူ့အစ်ကိုများ၊ သူ့ဖခင်၏ဆွေမျိုးသားချင်းများကြားသိသောအခါ သူရှိရာလိုဏ်ဂူသို့ ဆင်းလာကြ၏။