ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
၁ ရာချုပ် 1:9 - မြန်မာ့စံမီသမ္မာကျမ်း ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘနှင့်ဒေဒန် တို့ဖြစ်ကြ၏။ Common Language Bible ကုရှမှဆင်းသက်လာသူများမှာသေဘ၊ ဟဝိလ၊ သာဗတ၊ ရာဂမနှင့်သတ္တေခါ အမျိုးသားများဖြစ်ပေသည်။ ရာဂမမှ ဆင်းသက်လာသူများသည်ရှေဘနှင့် ဒေဒန်အမျိုးသားများဖြစ်ကြ၏။- Garrad Bible ကု ရှ သား များ ကား၊ သေ ဘ၊ ဟ ဝိ လ၊ သာ ဘ တ၊ ရာ ဂ မ၊ သ တ္တေ ခါ တို့ တည်း။ ရာ ဂ မ သား များ ကား ရှေ ဘ၊ ဒေ ဒန် တို့ တည်း။ Judson Bible ကုရှသားကား သေဘ၊ ဟဝိလ၊ သာဗတ၊ ရာဂမ၊ သတ္တေခါတည်း။ ရာဂမသားကား ရှေဘ၊ ဒေဒန်တည်း။ |
ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
ကုရှသည် သားနိမ်ရောဒကိုရ၏။ နိမ်ရောဒသည် မြေကြီးပေါ်တွင် အဦးဆုံးပေါ်ထွန်းသော လူစွမ်းကောင်းဖြစ်၏။
အာရေဗျပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ ဒေဒန်လူမျိုးခရီးသွားသူတို့၊ သင်တို့သည် အာရေဗျတော၌ ညအိပ်နားကြရမည်။
ဒေဒန်အမျိုးသားတို့သည် သင်နှင့်ကုန်သွယ်ကြ၏။ ကမ်းရိုးတန်းရှိလူများစွာတို့သည် သင့်လက်စွဲကုန်သည်များဖြစ်ကြ၏။ သူတို့သည် သင့်ကို ဆင်စွယ်၊ သစ်နက်တို့နှင့် ပေးချေကြ၏။
ရှေဘပြည်၊ ရာဂမပြည်မှ ကုန်သည်တို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ သင့်ကုန်ပစ္စည်းများကို အကောင်းစားအမွှေးနံ့သာအမျိုးမျိုး၊ အဖိုးတန်ကျောက်အမျိုးမျိုး၊ ရွှေ စသည်တို့နှင့် လဲလှယ်ကြ၏။