၁ ရာချုပ် 1:45 - မြန်မာ့စံမီသမ္မာကျမ်း ယောဗပ်မင်းကြီး အနိစ္စရောက်သောအခါ တေမန်အမျိုးသားဟုရှံသည် သူ့အရိုက်အရာကို ဆက်ခံ၏။ Garrad Bible ယော ဗပ် မင်း ကွယ် လွန်၍၊ သူ့ အ ရိုက် အ ရာ၌ တေ မန် ပြည် သား ဟု ရှံ မင်း ပြု လေ ၏။ Judson Bible ယောဗပ်မင်းသေ၍ သူ၏အရာ၌ တေမာနိအရပ်သား ဟုရှံသည်မင်းပြုလေ၏။ |
ယောဗပ်မင်းကြီးအနိစ္စရောက်သောအခါ တေမန်အမျိုးသားတို့၏ပြည်မှ ဟုရှံသည် သူ့နေရာ၌စိုးစံလေ၏။
ဟုရှံမင်းကြီး အနိစ္စရောက်သောအခါ မောဘပြည်တွင် မိဒျန်လူမျိုးတို့ကို နှိမ်နင်းနိုင်ခဲ့သော ဗေဒဒ်၏သားဟာဒဒ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။ သူနန်းထိုင်သောမြို့၏အမည်မှာ အာဝိတ် ဖြစ်၏။
ယောဘသည် ထိုအဖြစ်ဆိုးအလုံးစုံတို့ကို ကြုံတွေ့နေရကြောင်း ကြားသိကြလျှင် တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာ စသောသူ၏သူငယ်ချင်းသုံးဦးတို့သည် ယောဘကိုစာနာသဖြင့် နှစ်သိမ့်ပေးရန် မိမိတို့နေရပ်မှထွက်လာ၍ အတူတကွတွေ့ဆုံကာ ယောဘထံသို့ အတူသွားကြ၏။
အို တေမန်မြို့၊ သင်၏စစ်သူရဲတို့ စိတ်ပျက်အားလျော့ကြသောကြောင့် ဧသောတောင်ရှိလူအားလုံး သတ်ဖြတ်သုတ်သင်ခြင်းခံရလိမ့်မည်။