မိဇရိမ်မှ လုဒိမ်လူမျိုး၊ အာနမိမ်လူမျိုး၊ လဟာဗိမ်လူမျိုး၊ နတ္တုဟိမ်လူမျိုး၊
၁ ရာချုပ် 1:10 - မြန်မာ့စံမီသမ္မာကျမ်း ကုရှသည် သားနိမ်ရောဒကိုရ၏။ နိမ်ရောဒသည် မြေကြီးပေါ်တွင် အဦးဆုံးပေါ်ထွန်းသော လူစွမ်းကောင်းဖြစ်၏။ Common Language Bible (ကုရှတွင်နိမ်ရောဒနာမည်ရှိသောသားတစ် ယောက်ရှိ၏။ သူသည်ကမ္ဘာပေါ်တွင်ပထမ အဦးဆုံးလူစွမ်းကောင်းဖြစ်လာ၏။-) Garrad Bible ကု ရှ သည် သား နိမ် ရော ဒ ကို လည်း ရ သေး ၏။ ထို သား သည် မြေ ကြီး ပေါ် မှာ အ စွမ်း ကောင်း သော လူ ဦး ဖြစ်၏။ Judson Bible ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး၏။ ထိုသူသည် မြေကြီးပေါ်မှာ အားကြီးသောမုဆိုးဖြစ်၏။ |
မိဇရိမ်မှ လုဒိမ်လူမျိုး၊ အာနမိမ်လူမျိုး၊ လဟာဗိမ်လူမျိုး၊ နတ္တုဟိမ်လူမျိုး၊
ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘနှင့်ဒေဒန် တို့ဖြစ်ကြ၏။
သူတို့သည် အဆီးရီးယားပြည်ကို ဓားဖြင့်စောင့်ကြပ်လိမ့်မည်။ နိမ်ရောဒပြည်အဝင်ဝတို့၌လည်း စောင့်ကြပ်လိမ့်မည်။ အဆီးရီးယားလူမျိုးတို့သည် ငါတို့ပြည်သို့လာ၍ ငါတို့နယ်နိမိတ်ထဲသို့ ကျူးကျော်ဝင်ရောက်သောအခါ သူတို့သည် ငါတို့ကို အဆီးရီးယားလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။